
ဝါရှင်တန် ဒီဇင်ဘာ ၁၄
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူ လီဗန်သည် အစ္စရေးသို့ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်ကြာသွားရောက်မည်ဟု အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေးတို့တွင် နောက်ဆုံးဖြစ်ပေါ်လျက်ရှိသည့် တိုးတက်မှုအခြေ အနေများကိုဆွေးနွေးရန်အတွက် အစ္စရေးခေါင်းဆောင် များနှင့် တွေ့ဆုံနိုင်ရေးသွားရောက်သည့် ခရီးစဉ် လည်းဖြစ်သည်။ အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အဆိုပါ ကြေညာချက်ကို ဒီဇင်ဘာ ၁၃ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျိတ်ဆူလီဗန်သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခြင်း အပါအဝင် ဂါဇာနှင့် အစ္စရေးနယ်စပ် ကီရမ်ရှာလုံ ဖြတ်သန်းရေးဂိတ်ဖွင့်ပေးခြင်းတို့အတွက် ဆွေးနွေး သွားမည်ဖြစ်သည်ဟု ဂျွန်ကာဘီကပြောသည်။
ဂါဇာကမ်းမြောင်ဒေသသို့ ပေးပို့မည့် ထောက်ပံ့ ရေးပစ္စည်းများကို လုံခြုံရေးအတွက်စစ်ဆေးခြင်းအား နယ်စပ်ဖြတ်သန်းရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိ သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်နေတန်ယာဟု ကလည်း အပြုသဘောဆောင်သည့် မှတ်ချက်ပေးမှုများပြုလုပ်ခဲ့ပြီး ပေးပို့မှုများကိုအကောင်အထည်ဖော်နိုင်လိမ့်မည်ဟုလည်း ယူဆကြောင်းပြောသည်။
အစ္စရေးနှင့် ဟားမားစ်တို့၏ ပဋိပက္ခအတွင်း အရပ်သားသေဆုံးမှုတိုးလာစဉ် အစ္စရေးတပ်ဖွဲ့၏စစ်ဆင်ရေးများကြောင့် အရပ်သားများသေကျေ ထိခိုက်မှု လျှော့ချနိုင်ရေးအတွက်လည်း ပိုမိုတိကျ သည့်ကြိုးပမ်းအားထုတ်မှုများနှင့် အနာဂတ် အစီ အစဉ်များကိုဆွေးနွေးသွားရန် အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က မျှော်လင့်ထား သည်။
အင်န်အိတ်ချ်ကေ