
KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား
Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီးခြင်းနှင့် ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီးရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှု ၁၃-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်အချိန်လောက်မှာ KNLA ၊ PDF အကြမ်း ဖက်သောင်းကျန်းသူတွေက မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံးပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်း ညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက် လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားကြည့်ရင် လျှပ်စစ် ဓာတ်အားဆိုတာက အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုက သုံးစွဲတာဖြစ်ပါ တယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဒဏ်ကို ပြည်သူလူထုပဲ ခံရတာဖြစ်ပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ကတော့ ဒါတွေကို ထည့်တွက်မှာမဟုတ်ပါဘူး။ သူတို့ရဲ့လိုလားချက်က သူတို့ရဲ့ဘဏ္ဍာ ငွေရရှိရေး၊ အကြောက်တရားနဲ့ ခြိမ်းခြောက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်စီးစေရေး ဒါတွေကိုပဲ သူတို့ဆောင်ရွက်မှာဖြစ်ပါ တယ်။ လျှပ်စစ်ဓာတ်အားဆိုတာက ဘယ်အစိုးရပဲတက်တက် ပြည်သူတွေသုံးစွဲတာပဲ ဖြစ်တယ်။
ပြည်သူတွေအတွက် အစိုးရ အဆက်ဆက်က လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြောရ မယ်ဆိုရင် အဲဒီဒေသတွေမှာ KNLA ၊ KNU အကြမ်းဖက်သောင်းကျန်းသူ တွေရဲ့ အမျိုးအဆွေတွေပါ အဲဒီမြို့နယ်တွေမှာ နေတာပဲဖြစ်ပါ တယ်။ သူတို့ပဲသုံးစွဲနေတာ ဖြစ်ပါတယ်။ သူတို့လည်းသုံးစွဲနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ပေါင်း မြောက်မြားစွာရှိပါပြီ။ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာတွေ၊ ဓာတ်အား ခွဲရုံတွေကို ဖျက်ဆီးတာတွေ၊ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား နဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိနေတဲ့ကြားမှာ ဒီလိုဆောင်ရွက်တဲ့ကိစ္စ တွေက ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရမယ့် လုပ်ငန်း တွေဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီလိုပါပဲ ဒီအဖွဲ့ပါပဲ KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒီနေ့မနက် ၃ နာရီခွဲလောက် မှာ ကျောက်တံခါးဘူတာကနေထွက်လာတဲ့ ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန်ရထားကို မိုင်တိုင်အမှတ်(၁၀၄)နဲ့(၁၀၃)နေရာမှာ ရထားလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။ ဒါကြောင့် ရထားစက်ခေါင်းနဲ့အတူ လူစီးတွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။ လမ်းခရီးမှာ ခရီးသည်စုစုပေါင်း ၉၀၀ လောက် လမ်းခရီးကြန့်ကြာ မှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ပြုပြင်မွမ်းမံ မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ခရီးသည်တွေအတွက် အဆင်ပြေ အောင် ထမင်းဘူးတွေ ဝေငှပေးတာတွေ၊ သောက်သုံးရေအဆင်ပြေအောင် ဆောင်ရွက်ပေးတာတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ရထားလမ်းဆိုတာက တိုင်းပြည်ရဲ့ကုန်စည်ပို့ ဆောင်ရေး၊ တိုင်းပြည်ရဲ့ အခြေခံလူတန်းစား တွေ အများဆုံးအသုံးပြုကြတဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီလိုဟာတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး ဒီနေ့အထိ ရထားလမ်းတွေ၊ ရထားဘူတာတွေကို မိုင်းထောင်၊ မိုင်းခွဲ ဖျက်ဆီးတာ ၁၂၉ ကြိမ်ရှိပါပြီ။ တံတားတွေကို မိုင်းထောင်၊ မိုင်းခွဲ ဖျက်ဆီးတာ ၄၆ ကြိမ်ရှိပါပြီ။ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ၊ နိုင်ငံတော် ရဲ့အခြေခံအဆောက်အဦတွေကို အခြေခံကျကျ ဖျက်ဆီးပစ်နေတာ ပဲဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခုကို မီးရှို့ ဖျက်ဆီးတာ၊ မိုင်းထောင်ဖောက်ခွဲတာတွေလုပ်ခဲ့တယ်။ ပြည်သူလူထု ရဲ့ပညာရေးဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံ ၇၇၃ လုံးကို ဖျက်ဆီးခဲ့တယ်၊ မိုင်းထောင်ဖောက်ခွဲခဲ့ တယ်။ ဒါ့အပြင် တချို့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေကို သူတို့ရဲ့စစ်ရေးအရအသုံးပြုပြီး သင်တန်းကျောင်းတွေလုပ်တာတွေ၊ စစ်ရေးအရအသုံးပြုပြီး စာသင်ကျောင်းထဲမှာ ဘန်ကာတွေဆောက်၊ ဆက်သွယ်ရေးမြောင်းတွေတူးပြီး စစ်စခန်းအဖြစ်အသုံးပြုခဲ့တာတွေ အကြိမ်ကြိမ်ရှိပြီးဖြစ်ပါတယ်။ ဒါတွေက တိုင်းပြည်ရဲ့ယခုလက်ရှိ ပစ္စုပ္ပန်ကာလကိုရော၊ အနာဂတ်ကာလကိုရော ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိကိုယ်တိုင်နေတဲ့ နေအိမ်၊ မိမိကိုယ်တိုင်နေတဲ့အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့တူတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဖြစ်စဉ်များအနေနဲ့ကတော့ ဒီနေ့မှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာတော့ နမ့်ဆန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါ တယ်။ နမ့်ခမ်းဘက်မှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ မြောက်ဦးဘက်မှာ တပ်ကို မြောက်ဦး မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဘုရားတွေကြားထဲမှာပဲ ဘုရားစေတီ တွေကြားထဲမှာပဲ AA အနေနဲ့ ခံကတုတ်တွေ၊ ယာယီနေရာတွေ ပြုလုပ်ပြီး ပစ်ခက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာဆိုလည်း အဓိကဖြစ်စဉ်က TNLA အကြမ်းဖက်သောင်းကျန်းသူ တွေနဲ့ ဖြစ်နေတာဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဘက်မှာတော့ ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွပ်ရွပ်ချွံချွံခုခံမှုကြောင့် ရန်သူ စခန်းထဲကို အနည်းငယ်ဝင်ရောက်ပြီး နောက်ပိုင်းမှာ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း ကျွန်တော်တို့တွေ့ရပါတယ်။
ဒီနေ့မှာတော့ ထူးခြားမှုအနေနဲ့ TNLA, AA ရဲ့ သူတို့ပြုလုပ်နေတဲ့ သတင်းမီဒီယာတွေထဲမှာ ဘာတွေတွေ့ရတုန်းဆိုတော့ သူတို့ကို တပ်မတော်ကပဲ စတိုက်သယောင် လေသံပြောင်းလာတာကို တွေ့ရပါတယ်။ ဘာ့ကြောင့် ဒီလိုလေသံပြောင်းတယ်ဆိုတာကတော့ အားလုံးယခင်ကတည်းက ကျွန်တော်ပြောခဲ့တဲ့ စကားတွေနဲ့ ဆက်စပ်ပြီးရင် သုံးသပ်ကြည့်မိမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားဒေသတွေ၊ သူတို့လှုပ်ရှားနေတဲ့ဒေသတွေမှာ စတင် တိုက်ခိုက်မှုမရှိခဲ့ပါဘူး။ ၎င်းတို့ကသာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ယခင်တုန်းက သူတို့တိုက်ခိုက်ခဲ့တဲ့ဟာတွေကို ဂုဏ်ယူ ဝင့်ကြွားစွာနဲ့တင်နေတဲ့အဖွဲ့တွေက ဒီနေ့ကျမှ လေသံပြောင်းပြီး တပ်မတော်ကစတင်တိုက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုး လေသံပြောင်းပြီး တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ လေသံပြောင်းပြီး ဆောင်ရွက်နေ တာမျိုးတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့အဖွဲ့များ အားလုံး၊ ငြိမ်းချမ်းရေးကိုအကျိုးဆောင်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့ များအားလုံးက သတိပြုမိဖို့လိုပါတယ်။ ဂရုစိုက်ဖို့လိုပါတယ်။ သူတို့ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို အားလုံးရိပ်မိကြမယ်လို့ ထင်ပါ တယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်