ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား မြန်မာနိုင်ငံသို့ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိရေး ဆောင်ရွက်ပေးမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃
အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်း များ၏      သတင်းအတတ်ပညာ ဆိုင်ရာ    အခြေခံရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို     ယနေ့ မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန    သင်တန်း ခန်းမ၌ကျင်းပရာ  အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊        ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ           အကြီးအကဲများ၊ General   Life   News Agency  မှ     သင်တန်းတာဝန်ခံများနှင့် သင်တန်း သား        သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား   ပြောကြားရာတွင် အလုပ်သမား      ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်    နိုင်ငံတော်နှင့် ပြည်သူ့အတွက်    အကျိုးရှိသည့် သတင်းများ၊ ပြည်သူများ သိသင့် သိထိုက်သည့်    သတင်းအချက် အလက်များကို        အချိန်နှင့် တစ်ပြေးညီ    ထုတ်ပြန်နိုင်ရေး နှင့်  လူမှုကွန်ရက်စာမျက်နှာတွင် အလုပ်သမားရေးရာ  ကိစ္စများနှင့် ပတ်သက်၍ သတင်းတု သတင်းမှား ဖော်ပြနေမှုများကို   သတင်းအမှန် များ      အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေး     ဆောင်ရွက်လျက် ရှိကြောင်း၊         သင်တန်းသား သင်တန်းသူများ        အနေဖြင့် သတင်းအတတ်ပညာပိုင်းဆိုင်ရာများကို    ကြိုးစားလေ့လာသင်ယူ ကြရန်နှင့် စဉ်ဆက်မပြတ် လေ့လာ သင်ယူခြင်းဖြင့်  မိမိ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားပြီး  General Life News Agency မှ  သင်တန်း တာဝန်ခံများ၊      သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက်       ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးဌာနစုပေါင်း ခန်းမ၌ကျင်းပသည့်     ထိုင်းနိုင်ငံ တွင်   မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ် ထုတ်ပေးရေး     စခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ     လုပ်ငန်းခွင် အကြို    သင်တန်းဆင်းပွဲအခမ်း အနားသို့      တက်ရောက်အမှာ စကားပြောကြားသည်။ 
ပြည်ထောင်စု        ဝန်ကြီးက ထိုင်းနိုင်ငံတွင်  ရောက်ရှိနေသည့် အလုပ်သမားများအား မြန်မာနိုင်ငံ သို့    ပြန်ရန်မလိုဘဲ    ထိုင်းနိုင်ငံ အတွင်း၌   အထောက်အထားရရှိ ရေး    ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်နှင့်         အချိန်ကုန် သက်သာစေရန်  CI  စာအုပ်ထုတ် ပေးခြင်းလုပ်ငန်းစဉ်ကို     ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊   ထိုင်း နိုင်ငံတွင်    ရောက်ရှိလုပ်ကိုင်နေ သည့်    မြန်မာရွှေ့ပြောင်းအလုပ် သမားများအား  ကူညီစောင့်ရှောက် ပေးရန်      သွားရောက်ခြင်းဖြစ် သည့်အတွက်  တာဝန်ထမ်းဆောင် ကြမည့်    ဝန်ထမ်းများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ         မြန်မာ သံအမတ်ကြီး၏        လမ်းညွှန်မှု၊ အလုပ်သမားသံအရာရှိ၏ ကြီးကြပ် မှုဖြင့် Team Work အဖြစ်စုစည်း၍ လုပ်ငန်းစဉ်များကို   အကောင်းဆုံး ဝန်ဆောင်မှုပေးရမည်          ဖြစ် ကြောင်း  ပြောကြားသည်။ 
ယခုနှစ် ဇူလိုင် ၅ ရက် ထိုင်း အစိုးရအဖွဲ့           ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ    အမည် စာရင်းတင်သွင်းထားသည့် မြန်မာ အလုပ်သမား   ကိုးသိန်းခန့်ရှိပြီး အဆိုပါ    အလုပ်သမားများအား ထိုင်းနိုင်ငံတွင်   ဖွင့်လှစ်မည့် CI စခန်း  ငါးခုနှင့်  Mobile Unit သုံးခု တွင်     ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့်    အလုပ် သမားဝန်ကြီးဌာနမှ    စုစုပေါင်း အရာထမ်း၊   အမှုထမ်း   ၄၀ နှင့် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန၊    ပြည်တွင်းအခွန်များဦးစီး ဌာနမှ   အရာထမ်း၊    အမှုထမ်း ၁၃   ဦးတို့   တာဝန်ထမ်းဆောင် နိုင်ရေး  စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်