
ရန်ကုန် ဒီဇင်ဘာ ၁၃
အမျိုးသားရေး တက်ကြွလှုပ်ရှား သူများအဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပ နိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ အခမ်းအနားကို ဖွင့်လှစ် ပြီး အမျိုးသားရေးဆရာတော် ဥူးပညာဝံသက ဟောပြော ဆွေးနွေးသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံ တော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး)၊ သာသနာဖျက်အားပေး တီမော (အလိုမရှိ) ၊ အကြမ်းဖက်အားပေး တီမော (အလိုမရှိ)၊ အကြမ်းဖက် NUG ၊ PDF (အလိုမရှိ)၊ မြန်မာ့ ပြည်တွင်းရေး (ဝင်မစွက်နဲ့)၊ ပြည် တွင်းရေး စွက်ဖက်သူ (ဒို့ရန်သူ)၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပ နိုင်ငံများအား (ဆန့်ကျင်ကြ) ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ကြသည်။
ယင်းနောက် အမျိုးသား ရေး တက်ကြွလှုပ်ရှားသူများက ဟောပြောဆွေးနွေးကြပြီး ကြွေး ကြော်သံများ ကြွေးကြော်ခြင်း၊ ဇာတိမာန်သီချင်း သံပြိုင်သီဆို ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှား သူများအဖွဲ့က ဦးဆောင်ပြီး နိုင်ငံ ရေးပါတီဝင်များ၊ အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင်ကြ သည့် ပြည်သူများ ပူးပေါင်းပါဝင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။
အောင်မြင့်(ပြန်/ဆက်)