နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ    ၁၂  
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံ   ထမ်းဆောင်လျက်ရှိသော  လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင်    စားသောက်ဖွယ်ရာများကိုလည်း     ပေးပို့ လှူဒါန်းလျက်ရှိသည်။ 
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူ များက     အရှေ့မြောက်တိုင်း    စစ်ဌာနချုပ်နယ်မြေ အတွင်း    နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ် လှူဒါန်းကြရာ   တာဝန်ရှိသူများက  လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ် များ၊    ရဟတ်ယာဉ်များဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင် များ၏     လက်ဝယ်အရောက်    လိုက်လံပို့ဆောင် ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ် ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူ များက ရေးသားပေးပို့သည့် “ တပ်မတော်သားများ အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ပါစေ၊  ဘေးအန္တရာယ် ကင်းဝေးကြပါစေ၊ ရေလိုအေးပြီး ပန်းလိုမွှေးပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” စသည့် ဆုတောင်း မေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်