
နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံ ပညာ ကျောင်းသား အားကစား ပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ပွဲစဉ် များကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့ အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက် မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။
အားပေးကြည့်ရှု
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစား နေမှုများကို ကျောင်းသား အားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ပြိုင်ပွဲဝင် အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် အားပေးကြည့်ရှုကြသည်။ (ယာပုံ)
ချီးမြှင့်ပေးအပ်
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံတွင် ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အပြီးတွင် အမျိုးသမီးအသင်းအလိုက် ပထမ ဆုကို မွန်၊ ဒုတိယဆုကို ပဲခူး၊ တတိယဆုကို မန္တလေးတို့က ရရှိ ကြပြီး အမျိုးသား အသင်းလိုက် ပထမဆုကို စစ်ကိုင်း၊ ဒုတိယဆု ကို ရန်ကုန်၊ တတိယဆုကို မကွေး တို့က ရရှိကြသည်။ ဆုများကို ကျောင်းသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ကျောင်းသားအားကစား ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က ချီးမြှင့်ပေးအပ်ကြသည်။
ယှဉ်ပြိုင်ကစား
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ တွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ကျင်းပ ရာ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် မန္တလေးက ကရင်ကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီက မကွေးကို သုံးပွဲပြတ် ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြ သည်။ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ကချင်က မကွေးကို သုံးပွဲ- တစ်ပွဲဖြင့် လည်းကောင်း၊ မန္တလေးက ရှမ်းကို သုံးပွဲ- တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကြ သည်။ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေရာ နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင် ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ဘောလုံး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် ကွင်းအမှတ် (၃) တို့တွင် ယနေ့ နံနက် ၇ နာရီ မှစတင်၍ အမျိုးသား၊ အမျိုးသမီး ဘောလုံးပွဲစဉ်များကို ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်