
တိုကျို ဒီဇင်ဘာ ၈
ဂျပန်နိုင်ငံ၌ ကိုဗစ် - ၁၉ ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာလရှည်ကြာ ခံစားရသူများ သည် အစိုးရထံမှ အကူအညီ များပိုမိုရရှိရန် တောင်းဆိုခဲ့ကြ သည်။ ပင်ပန်းနွမ်းနယ်မှုအပါ အဝင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသူများနှင့် ၎င်းတို့၏ မိသားစုများသးည် ပြီးခဲ့သည့် လအတွင်း အဖွဲ့တစ်ဖွဲ့စတင် ဖွဲ့စည်းခဲ့သည်။ ဒီဇင်ဘာ ၈ ရက် တွင် အဖွဲ့ဝင် ကိုးဦးသည် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ကာကီမီကီဇိုထံ အသနားခံစာ တင်ခဲ့သည်။
ဘဏ္ဍာရေးထောက်ပံ့မှုရရှိရန်
အစိုးရထံတောင်းဆို
ကိုဗစ် - ၁၉ ကြောင့် ကာလ ရှည်ကြာ ဆိုးကျိုးခံစားရသူများ အတွက် ကုထုံးဝန်ဆောင်မှုရရှိရန် နှင့် ဝေဒနာခံစားရသူများအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုရရှိရန် အစိုးရထံ တောင်းဆိုခဲ့ကြသည်။
ဘေးကင်းလုံခြုံရေးအစီအမံများ
ချမှတ်ပေးရန်တောင်းဆို
အချို့သော လူနာများမှာ အလုပ် မလုပ်နိုင်သည့်အတွက် ဖျားနာမှုအတွက် အကျိုးခံစားခွင့် နှင့် ခွင့်စရိတ်များရရှိရန်အပါအဝင် ဘေးကင်းလုံခြုံရေး အစီအမံ များ ချမှတ်ပေးရန် တောင်းဆိုခဲ့ ကြသည်။
ကိုဗစ် -၁၉ ကူးစက်ခံရမှုအပြီး အခြေအနေ သို့မဟုတ် ကာလ ကြာရှည် ကိုဗစ် -၁၉ ရောဂါခံစား ရမှုကို နှစ်လထက်ကြာမြင့်သည့် ရောဂါခံစားရမှုဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတ်မှတ် သည်။ သို့သော်လည်း မည်သည့် လက္ခဏာများ ခံစားရခြင်းနှင့် လူဘယ်လောက်များများ ခံစားနေ ရသည်ကိုမူ မသိရသေးချေ။
အင်န်အိတ်ချ်ကေ