နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ   ၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင်    စားသောက်ဖွယ်ရာများကိုလည်း    ပေးပို့ လှူဒါန်းလျက်ရှိသည်။ 
ယနေ့တွင် စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း   စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဒံပေါက်ထမင်းဘူးများကို  ပေးအပ်လှူဒါန်း ကြရာ  တာဝန်ရှိသူများက  လက်ခံရယူပြီး  လားရှိုး မြို့မှတစ်ဆင့်    တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်     လိုက်လံ    ပို့ဆောင်ပေးကြ သည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက် ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူ များက ရေးသားပေးပို့သည့် “တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေကြတဲ့    ပြည်ချစ်တပ်မတော်သား အားလုံး  ကျန်းမာပါစေ၊  ဘေးရန်အပေါင်းကင်းဝေး ပါစေ၊  အမိမြေရဲ့  ရန်စွယ်ဟူသမျှ  အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာများပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်