
နေပြည်တော် ဒီဇင်ဘာ ၆
၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအ ဝေးသည် ၂၀၂၄ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များချီးမြှင့် ခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး အတွက် စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို တည်ဆောက်ရာ တွင် နိုင်ငံတော်အတွက် ထူးကဲစွာ ဘာသာသာသနာ့ အကျိုးဆောင်ရွက်ခဲ့ကြသည့် သာသနာ့အာဇာနည် များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင် ရာတွင် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း။
ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်သွားမည်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံက မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော် နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြား တိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ် တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင် ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးကို ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်သွား မည်ဖြစ်ကြောင်း။
အလားတူ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များနှင့်ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၅/ ၂၀၁၅) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့များက ပဏာမစိစစ်ဆောင်ရွက်ပြီး ဖြစ်သည်ဟု သိရှိရကြောင်း၊ ဆက်လက်၍လည်း အသေးစိတ် စိစစ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ကို တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသောပုဂ္ဂိုလ်များ၊ သက်ဆိုင် ရာပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြ သည့် ပုဂ္ဂိုလ်များနှင့် ညွှန်ကြားရေးမှူးချုပ်လုပ်သက် (၃)နှစ်၊ (၅)နှစ် ပြည့်မီသော ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူ အရာရှိကြီးများအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးကို ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များဆိုင်ရာပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်းချက် နှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသည့် ဂုဏ်ပြု ချီးမြှင့်ထိုက်သူ သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ် များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်တံဆိပ် များ၊ ဘွဲ့တံဆိပ်များ စနစ်တကျ စိစစ်ပြီး ချီးမြှင့်မည့် အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက်ကိုလည်း ယခုအစည်းအဝေးတွင် ထည့်သွင်းစိစစ်သွားမည် ဖြစ်ကြောင်း။
ချီးမြှင့်ပေးသွားမည်
ယနေ့အစည်းအဝေးတွင် ပဏာမစိစစ်ရေးအဖွဲ့ အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း။
နှစ်စဉ်ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ချီးမြှင့်အပ်နှင်းလျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်များနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပဏာမစိစစ်ပြီး တင်ပြလာသည့် ချီးမြှင့်သင့် ချီးမြှင့်ထိုက်သော သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် ရရှိသင့် ရရှိထိုက် သောပုဂ္ဂိုလ်များ မကျန်ရှိစေရေးတို့အတွက် ချီးမြှင့် အပ်နှင်းခံရမည့်ပုဂ္ဂိုလ်များ၏ အရည်အချင်းမှာ သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားနိုင်သော ထိုက်တန် သည့် စွမ်းဆောင်ရည်များကိုသာ ချီးမြှင့်ခြင်းမျိုး ဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်က ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများဖြင့် ကြိုတင်စိစစ်ရေးအစည်းအဝေးများ၊ ပဏာမစိစစ်ရေး အဖွဲ့ အစည်းအဝေးများ ကျင်းပဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင် ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် (၁)နှစ်တာအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် စပ်လျဉ်း ၍လည်းကောင်း၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍လည်း ကောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် ချီးမြှင့်နိုင်ရေးတို့နှင့်စပ်လျဉ်း၍လည်း ကောင်း စိစစ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်