ဆန်စပါးကဏ္ဍနှင့် ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍ ပြည်ပတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၅


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေး   ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံသည် ယနေ့ မွန်းလွဲပိုင်းတွင်    ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ် ရှိ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနရုံး  အစည်းအဝေး ခန်းမ၌  ဆန်စပါးကဏ္ဍနှင့်  ပဲ၊ ပြောင်း၊   နှမ်းကဏ္ဍ   ပြည်ပတင်ပို့မှု တိုးတက်ရေးအတွက် ပြည်ထောင်စု သမ္မတ     မြန်မာနိုင်ငံ  ကုန်သည် များနှင့်     စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊  မြန်မာ နိုင်ငံ   ဆန်စပါးအသင်းချုပ်နှင့်    မြန်မာနိုင်ငံ    ပဲမျိုးစုံ၊      ပြောင်း နှင့်     နှမ်းကုန်သည်များအသင်း မှ   တာဝန်ရှိသူများနှင့်   တွေ့ဆုံ ဆွေးနွေးသည်။


တွေ့ဆုံစဉ်      ပြည်ထောင်စု ဝန်ကြီးက    မြန်မာ့ဆန်စပါးကဏ္ဍ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်     ဆန်စပါး     စိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်း လုပ်ငန်းမှသည်   ဖြန့်ဖြူးရောင်းချ သည်အထိ     ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်      (Supply     Chain တစ်လျှောက် ဟန်ချက်ညီညီဆောင် ရွက်ရေး၊  စပါးများကို ခေတ်မီနည်း ပညာများဖြင့် ကြိတ်ခွဲထုတ်လုပ် ပြီး အရည်သွေးမြင့်ဆန်များအား သတ်မှတ်    လျာထားချက်ထက် ကျော်လွန်အောင် ပြည်ပသို့တိုးမြှင့် တင်ပို့နိုင်ရေး၊ ပြည်ပဈေးကွက် ပိုမိုရရှိအောင်    ဆောင်ရွက် ရေး၊ ပဲမျိုးစုံနှင့်ပြောင်း ပြည်ပဈေးကွက် သို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အသင့် ပြုပြင်ထုတ်လုပ်၍    ဈေးကွက် ချဲ့ထွင်တင်ပို့နိုင်ရေး၊      ပြည်တွင်း ကောက်ပဲသီးနှံဈေးကွက်   တည် ငြိမ်စေရေး၊    နှမ်းဆီနှင့်    မြေပဲဆီ ကို ပြည်တွင်းစားသုံးမှု ဖူလုံစေရေး တို့အတွက်    စိုက်ပျိုးထုတ်လုပ် သည့်     တောင်သူများ၊    ပို့ကုန် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး၊ ဆန်နှင့် ပဲမျိုးစုံ၊   ပြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊    ပြည်ပဈေးကွက်ပိုမို ရရှိရေး၊ မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့်   ကုန်သွယ်မှုဖြစ်ပေါ် စေရေးနှင့်   ကုန်သွယ်မှုလုပ်ငန်း များ     လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်သွားရန်နှင့်     တရား မဝင်    တင်ပို့တင်သွင်းမှု       မရှိစေ ရေး  အစိုးရနှင့်   လုပ်ငန်းရှင်များ    ပူးပေါင်းတားဆီး ဆောင်ရွက်ရေး မှာကြားသည်။


ထို့နောက်    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ဥက္ကဋ္ဌ   ဦးအေးဝင်း၊  ဒုတိယဥက္ကဋ္ဌများ၊      မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်     မြန်မာ နိုင်ငံ  ပဲမျိုးစုံ၊  ပြောင်းနှင့်   နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိ သူများက ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေးကိစ္စနှင့် ဆက်လက်ဆောင် ရွက်မည့်ကိစ္စရပ်များကို     တင်ပြ ဆွေးနွေးကြရာ     ပြည်ထောင်စု ဝန်ကြီးက ဒေသတွင်း နိုင်ငံများနှင့် သာမက  နိုင်ငံတကာနှင့် ပူးပေါင်း ၍   ကုန်သွယ်မှုတိုးချဲ့ရေး   ဆောင် ရွက်ရန်       လိုအပ်သည်များကို ပေါင်းစပ်    ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။       

သတင်းစဉ်