ဗန်းမော်မြို့နယ်၌ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဆင်း

 

ဗန်းမော်    ဒီဇင်ဘာ   ၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း      ဦးစီးဌာနက ကြီးမှူး၍ လူငယ်လူရွယ်များ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်      ရည်ရွယ် ဖွင့်လှစ်ခဲ့သော    အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှု နည်းပညာသင်တန်းဆင်း ပွဲကို နိုဝင်ဘာ ၃၀ ရက်က  ဗန်းမော်မြို့နယ်    မံရေးခေတ်မီစံပြကျေးရွာ  မြစိမ်းရောင် ခန်းမ၌ ကျင်းပသည်။  
သင်တန်းဆင်းပွဲတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း     ဦးစီးဌာနမှူး ဦးအောင်တင်စိုးက    ကျေးလက်နေ ပြည်သူများဝင်ငွေတိုးရေး  ဆောင်ရွက် မည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် MSME လုပ်ငန်းများ ပေါ်ထွန်းလာစေပြီး ကျေးလက်နေပြည်သူများ    ဝင်ငွေတိုး လာစေရန်၊  ကျေးရွာရှိပြည်သူများအား အသက်မွေးဝမ်းကျောင်း   အထောက် အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်   ရည်ရွယ်၍   ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက်  မံရေးကျေးရွာအုပ်ချုပ် ရေးမှူး ဦးစိုးသိန်းက    ထူးချွန်သင်တန်း သားသုံးဦးအား        လုပ်ငန်းသုံးကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
 အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၁၅ ရက်တွင် စာတွေ့ ၂၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၈၀ ရာခိုင်နှုန်း သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းတက်ရောက်အောင်မြင် သူများအား ကိုယ်ပိုင်လုပ်ငန်းထူထောင် လိုပါက ဌာနမှ ဆက်လက်ကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။                      
ခရိုင်(ပြန်/ဆက်)