
ပုသိမ် ဒီဇင်ဘာ ၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်သည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာကောင်းများ ကို မွေးထုတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပုသိမ်မြို့ ရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်/ကျောင်း များ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက် ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့ကာ ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် မြန်ဆန် စွာ အကျိုးပြုနိုင်သည့် ပုံမှန်နှင့် ကာလတိုသင်တန်း များကို သတ်မှတ်စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင် ရွက်ရန်၊ ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာ ရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် အလုပ်ရုံများ၌ လက်တွေ့လုပ်ငန်းများ အေးချမ်းပျော်ရွှင်စွာ လေ့ကျင့်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုအားပေးကာ နိုင်ငံတော်က အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် သက်မွေးပညာရှင် လူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ် တစ်အားဖြစ်စေမည့် IT ပညာရှင်များကို မွေးထုတ် ဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နောက်ဆုံးပေါ် IT နည်းပညာများဖြင့် Quick Win ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားကာ ဘာသာရပ်အလိုက်၊ သင်တန်းနှစ်အလိုက် စာသင် ခန်းအသီးသီးတို့၌ အေးချမ်းပျော်ရွှင်စွာ သင်ကြား လျက်ရှိသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ဤတက္ကသိုလ်မှ လေ့လာ ဆည်းပူး၍ ရရှိသည့် IT နည်းပညာများဖြင့် မိမိတို့၏ ဘဝများကို အောင်မြင်အောင် တည်ဆောက်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်လည်း အုတ်ကောင်း တစ်ချပ်၊ သဲကောင်းတစ်ပွင့်အနေဖြင့် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြား သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေ သနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောင်း သား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ရရှိလာ သည့် သုတေသနရလဒ်များကို စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ၊ MSMEs လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာ တက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ စပါးခွံလောင်စာသုံး Gasifier စက်ရုံ များ၊ စက်မှုလယ်ယာလုပ်ငန်းများ၊ စက်မှုကုန်ထုတ် လုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် နည်းပညာများဆိုင်ရာ သုတေသနများကို မြှင့်တင် ဆောင်ရွက်ရန် မှာကြားပြီး အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ များနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်