မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၂ 


ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် နှောကုန်း ကျေးရွာအုပ်စုရှိ နှောကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား    ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သဲအင်းဂူ ဗဟိုဌာနချုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေး ကုသရေးအဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊   မျက်စိ ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၁၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၉ ပါးနှင့် ဒေသခံ ပြည်သူ ၁၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို    မှော်ဘီတပ်နယ်မှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။


အလားတူ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ရတနာဘုံစံကျောင်း သီလရှင်စာသင် တိုက်ရှိ သာသနာ့နွယ်ဝင်သီလရှင်များအား ယနေ့ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကု သရေးအဖွဲ့က   အဆိုပါကျောင်းတိုက်ရှိ    ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင်    နယ်မြေခံဆေး ကုသရေးအဖွဲ့က   ဖျားနာရောဂါ၊     မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ သာသနာ့နွယ်ဝင်သီလရှင် ၁၂၁  ပါးတို့ကို    လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြော ရောဂါစမ်းသပ်ပေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကို နယ်မြေခံတပ်မတော်ဆေးရုံ သို့တက်ရောက်ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေး သည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  မန္တလေး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်