
ရန်ကုန် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံစာဆိုတော် နေ့အထိမ်းအမှတ် (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦး အား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း က အလှူငွေကျပ် သိန်း ၃၀၊ ဗိုလ်ထွန်းကြည်(မုံရွာ)က အသက် (၈၉)နှစ်ပြည့် မွေးနေ့အလှူအဖြစ် ငွေကျပ် ၁၀ သိန်း၊ ဦးကျော်မြင့် (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)နှင့် ဆာကူရာ ဦးဌေးအောင်(မိသားစု)တို့က ငွေကျပ် ငါးသိန်းစီ၊ ဦးလှမောင် (စာရေးဆရာ အောင်ချိန်ဘွား) မိသားစုနှင့် ဆရာမြင့် (စကြာမင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)တို့က ငွေကျပ် သုံးသိန်းစီ၊ ဒေါက်တာ ထွန်းမောင် (သွားဆရာဝန်) ချမ်းအေးသာစံမြို့နယ်နှင့် ဦးစိုးမြင့် (တက္ကသိုလ်စိုးစံ)တို့က ငွေကျပ် နှစ်သိန်းစီ၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၄ဝဝဝဝ၊ ဓမ္မပါလဖောင်ဒေးရှင်း၊ ဝဏ္ဏကျော်ထင် ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ ဦးတင်ကိုကို-ဒေါ်အေးအေးမူ (တော်ဝင်မြင်းမိုရ်ကုမ္ပဏီလီမိတက်)၊ လသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်တင် (သီဟညွန့်တင်-လသာ)၊ ဦးဇော်မင်း- ဒေါ်ခိုင် (လှိုင်း-၂ လက်ဖက်ရည်ဆိုင်) အောင်မြေသာစံ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ။
ကွယ်လွန်သူဆရာကြီး(မှော်ဝန်းဝင်းမြတ်)(ဒေါ်သန်းရွှေ-မြို့မ)တို့ အား ရည်စူး၍ ကျန်ရစ်သူမိသားစု၊ ဦးဗိုလ်ဝင်း-ဒေါ်မိုးသီတာ (တိုင်းရင်း ဆေးလုပ်ငန်း)အောင်မြေသာစံမြို့နယ်၊ ပုသိမ်မြို့နယ် ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းနှင့် ဒဂုံ မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ မောင်ခေတ်ထွန်း- ဒေါ်လေးမြင့်မြင့်ရီ (မိသားစု)၊ ဒေါ်ယဉ်ယဉ်မွှေး (ယဉ်ယဉ်-ဘက်ရဲ)၊ ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ အောင်ဘုန်းညိုနှင့် စာရေး ဆရာမြတ်သာထွန်း(ရွှေစံပြ) တို့က ငွေကျပ်သုံးသောင်းစီ၊ ပုသိမ်ကြီး မြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြအောင် (စောနန်းမြေ အောင်) က ငွေကျပ် ၂၅၀၀၀၊ အုတ်တွင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ချို(ကညွတ်ကွင်း)က ငွေကျပ် နှစ်သောင်း ပေးအပ်လှူဒါန်း ကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် -တက္ကသိုလ်) တို့က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃ /၁၇၅ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်