
ဂျီနီဗာ ဒီဇင်ဘာ ၂
ဆိုမာလီယာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မှုဖြစ်ပေါ်ကာ ၁၀၀ နီးပါးသေဆုံး ခဲ့ပြီး လူပေါင်း ၇၅၀၀၀၀ မှာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။
ဆိုမာလီယာတွင် သဘာဝ ဘေးအန္တရာယ်နှင့် တွေ့ကြုံနေရပြီး ရေကြီးမှုမှာ နေရာအနှံ့ဖြစ်ပေါ်နေ သည်ဟု အဆိုပါရုံးကပြောသည်။ ဂယ်မက်ဒမ်၊ ပွန့်တလန်၊ ဟာရှာ ဘယ်လီ၊ ဘာနာဒီရာနှင့် ဂျူ ဘလန်းဒေသတို့တွင် မိုးအဆက် မပြတ်ရွာသွန်းမှုနှင့် မြစ်ရေကြီး မှုတို့ကို ခံစားနေရသည်ဟု ပြောသည်။
ယခုကဲ့သို့ ကြီးမားသည့် အပျက်အစီးကြောင့် သန်းနှင့်ချီ သည့် ပြည်သူများမှာ ဆာလောင်မှု နှင့် အာဟာရမပြည့်ဝမှုကို ခံစား နေရကြောင်း ကုလသမဂ္ဂလူသား ချင်း စာနာထောက်ထားမှုအေဂျင်စီ က ပြောသည်။ အကူအညီ အထောက်အပံ့များစွာ လိုအပ် နေသော်လည်း ၂၀၂၃ ခုနှစ် ဆိုမာလီယာ လူသားချင်းစာနာ ထောက်ထားမှု အစီအစဉ်အရ လူပေါင်း ၇ ဒသမ ၆ သန်းအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလိုအပ်သော်လည်း ၄၂ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိသေး သည်ဟု သိရသည်။
ဆင်ဟွာ