
နေပြည်တော် ဒီဇင်ဘာ ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသည့် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများ အတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာ ရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့ တွင် ပညာသင်ကြားလျက်ရှိသည့် တိုင်းစစ်ဌာန ချုပ် စခန်းရုံးမှ ကျောင်းသား ကျောင်းသူ ၃၂၇ ဦးအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်