
တောင်ကြီး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၌ ဒေသအကျိုးပြု ဓာတ်ပုံဆရာများ ပေါ်ထွန်းလာစေ ရန်နှင့် ဓာတ်ပုံဝါသနာရှင်များ ဓာတ်ပုံပညာကို စနစ်တကျလေ့လာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်း သင်တန်း (အခမဲ့) ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန တောင်ကြီး ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရှမ်းပြည်နယ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအားဗျေ့ က အမှာစကားပြောကြားပြီး ဗီဒီယိုနှင့် ဓာတ်ပုံပညာရှင် Swaitawyeik Production မှ ဦးကျော် ကျော်ဝင်းက ဓာတ်ပုံရိုက်ကူး နည်းပညာသင်ကြားပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် Basic Photography, Basic Photography Techniques, Documentary Photography, How To Make A Pictorial Book, How To Make A Photo Exhibition စသည့် ဓာတ်ပုံပညာရပ်များကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက် တို့တွင် သင်ကြားပို့ချပေးသွား မည်ဖြစ်ပြီး သင်တန်းသို့ ရှမ်း ပြည်နယ်အတွင်းရှိ ဓာတ်ပုံပညာ လေ့လာလိုသူသင်တန်းသား ၈၀ တို့က တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(တောင်ကြီး)