
နေပြည်တော် နိုဝင်ဘာ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင် ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ရမည်းသင်းမြို့ မူလတန်းကြိုကျောင်းနှင့် လူမှု ဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ရုံးတို့ကို ကြည့်ရှုစစ်ဆေးရာ ခရိုင် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို ရှင်းလင်း တင်ပြ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပျော်ဘွယ်မြို့သို့ သွားရောက်၍ ပျော်ဘွယ်မြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ အား တွေ့ဆုံဂါရဝပြုကာ ငွေကြေး နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင် ရုံကိုလည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ရုံးနှင့် မူလတန်းကြိုကျောင်းကို လည်းကောင်း သွားရောက်စစ်ဆေး ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ခရိုင် တာဝန်ခံများက လုပ်ငန်းအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက မီးဘေးလုံခြုံရေး အပါ အဝင် လုံခြုံရေးကိစ္စရပ်များကို အထူးသတိပြု ဆောင်ရွက်ကြရန်၊ ရုံးအလိုက်၊ ဌာနအလိုက် မီးဘေး အပါအဝင် ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ခြင်းအတွက် ဇာတ်တိုက် လေ့ကျင့်ထားကြရန်၊ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ၊ သတိပြု ဆောင်ရွက်သင့်သည်များ၊ လုပ်ငန်း ခွင်တွင် စည်းလုံးညီညွတ်စွာနှင့် အေးချမ်းစွာ တာဝန်ထမ်းဆောင် ရေးဆိုင်ရာ ကိစ္စရပ်များ မှာကြား ဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာမြို့ဝန်ဇင်းဘိုးဘွားရိပ်သာ ဘိုးဘွားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည် တို့ကို မေးမြန်းကြည့်ရှုပြီး ငွေကြေး နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်