
မကွေး နိုဝင်ဘာ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန မကွေးခရိုင် လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်-တောင်ညို (ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး) လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၇ ရက်က မကွေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ် ကွင်းဆင်းကြည့်ရှုသည်။
ခရိုင်လမ်းဦးစီးဌာနက တာဝန်ယူဆောင် ရွက်သည့် နေပြည်တော်-တောင်ညို(ပန်းတင်)- မြို့သစ်-ကန်ပြား(မကွေး) လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်း နှင့် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်-မန္တလေးလမ်း (မိုင် ၃၃၄/၃- ၃၃၄/၇) အတွင်းရှိ ကန်ပြားလမ်းအဝိုင်းပတ် ပြုပြင်ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင် များက ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် ခရိုင်လမ်းဦးစီးဌာန တာဝန် ရှိသူများက ရှင်းလင်းတင်ပြသည်။ ဆက်လက် ၍ နေပြည်တော်-တောင်ညို(ပန်းတင်)-မြို့သစ်- ကန်ပြား(မကွေး) လမ်းပိုင်းများရှိ လုပ်ငန်း များတွင် ကတ္တရာလမ်း ကျောက်စီခင်းခြင်း၊ လမ်းဘေး(ဝဲ/ယာ) ရေမြောင်းတူးခြင်းနှင့် လမ်းပခုံးများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့သစ်မြို့နယ် လမ်းဦးစီးဌာန ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
လှဝင်း