
ရန်ကုန် နိုဝင်ဘာ ၁၇
MFF Futsal Championship 2023 ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို နိုဝင်ဘာ ၁၇ ရက်က MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ VUC အသင်း အနိုင်ရသည်။ ဒုတိယနေ့တွင် UPK အသင်းက လက်ဝဲသုန္ဒရအသင်းကို သုံးဂိုး - နှစ်ဂိုး၊ DT Legends အသင်းက KKY အသင်းကို ရှစ်ဂိုး - သုံးဂိုး၊ M-Million အသင်းက Seven အသင်းကို လေးဂိုး - တစ်ဂိုး၊ M2K အသင်းက Noka အသင်းကို ခြောက်ဂိုး - နှစ်ဂိုး၊ လက်ရှိချန်ပီယံ VUC အသင်းက Sun Far အသင်းကို ၁၂ ဂိုး - တစ်ဂိုးဖြင့် အနိုင်ရပြီး Red Eagle အသင်းနှင့် ပြည့်စုံအသင်းတို့ လေးဂိုးစီသရေကျခဲ့သည်။ ယခုပွဲအပြီးတွင် နိုင်ပွဲဆက်ခဲ့သည့် အုပ်စု(A)မှ လက်ရှိချန်ပီယံ VUC အသင်းသည် နောက်တစ်ဆင့်တက်ရောက်ရန် သေချာသွားခဲ့သည်။
ညီမြတ်သော်တာ