ဆိုမာလီယာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်း၊ လူ ၅၀ ထက်မနည်းသေဆုံး

မိုဂါဒစ်ရှူး   နိုဝင်ဘာ   ၁၇


ဆိုမာလီယာနိုင်ငံတွင် အောက်တို ဘာလအစောပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ    ရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ ၅၀ ထက်မနည်း     သေဆုံးလျက် ရှိသည်။ ဆိုမာလီယာနိုင်ငံသား သန်းထက်ဝက်ကျော်မှာလည်း နေရာပြောင်းရွှေ့   ခဲ့ရကြောင်း နိုင်ငံ၏ အမျိုးသားဘေးအန္တရာယ် ဆိုင်ရာအေဂျင်စီက  ပြောကြား သည်။ 


 မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်     မြေပြိုမှုများနှင့် ရုတ်တရက် ရေကြီးမှုတို့ဖြစ်ပေါ် ခဲ့ရာ    သီးနှံစိုက်ခင်းများနှင့် တိရစ္ဆာန်များ     ပျက်စီးဆုံးရှုံးခဲ့ ကြောင်း   နိုင်ငံ၏   အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ   အေဂျင်စီ က ပြောကြားသည်။


 မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့်    လူပေါင်း ၁ ဒသမ ၂၄ သန်းမှာ ရေဘေးသင့် ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး က ပြောသည်။


ဆင်ဟွာ