
ဖီဖာ ယူ - ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ခ) မှ နောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲက တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ရာ မာလီ အသင်း ဂိုးပြတ်အနိုင်ရပြီး စပိန်အသင်း သရေကျ ခဲ့သည်။
ကနေဒါနှင့် မာလီအသင်းပွဲစဉ်တွင် မာလီအသင်း က ငါးဂိုး - တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မာလီ အသင်းသည် ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် သုံးပွဲ ကစားပြီး ရမှတ်ခြောက်မှတ်ဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် ကနေဒါအသင်းက သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်ခြင်းမရှိဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
ဥဇဘက်ကစ္စတန်နှင့် စပိန်အသင်းပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
တစ်ဖက်နှစ်ဂိုးစီ သရေကျ
စပိန်အသင်းသည် ဥဇဘက်ကစ္စတန်အသင်း ဘက်သို့ ဦးဆောင်ဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲများတွင် ချေပဂိုးများ ပြန်လည်ခွင့်ပြု ပေးခဲ့ရသည့်အတွက် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ ခြင်းဖြစ်သည်။
စပိန်အသင်းသည် ယခုပွဲစဉ်တွင် သရေကျခဲ့သော် လည်း အုပ်စု (ခ) တွင် သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် ခုနစ်မှတ်ဖြင့် နောက်တစ်ဆင့်သို့ အုပ်စု ပထမဖြင့် တက်လှမ်းနိုင်ခဲ့သည်။
နောက်တစ်ဆင့် တက်လှမ်းနိုင်ခွင့်ရှိ
ဥဇဘက်ကစ္စတန်အသင်းသည် သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ရရှိထားသောကြောင့် အကောင်းဆုံးအုပ်စု တတိယအသင်း အနေ ဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခွင့် ရှိနေသေး သည်။
အောင်ဇော်