ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီပို့ဆောင်ဖြန့်ဖြူးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၆ 


ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များသို့  ပြည်ပမှ စက်သုံးဆီတင်သင်္ဘော များ   အဆက်မပြတ်ရောက်ရှိပြီး   စက်သုံးဆီများ ဖြည့်တင်းလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သီလဝါဆိပ်ကမ်း ဒေသကြီးရှိ  Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များ အပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ  Denko Terminal  တို့မှ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အရောင်း ဆိုင် ၁၈၇ ဆိုင်သို့ ဆီသယ်ယာဉ် ၃၆၇   စီးဖြင့်   92  Ron    ဂါလန် (၄ သိန်းကျော်)၊  95 Ron  ဂါလန် (၂ သိန်း ၄ သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန်  (၃ သိန်း၂ သောင်းကျော်)၊ ပရီမီယမ် ဒီဇယ်ဆီ ဂါလန်(၃ သိန်း ၅ သောင်းကျော်)   ကို     လည်း ကောင်း၊ နိုင်ငံတစ်ဝန်းရှိ စက်သုံး ဆီ အရောင်းဆိုင် ၂၁၇၈ ဆိုင်သို့ ဆီသယ်ယာဉ် ၉၂၈ စီးဖြင့် 92 Ron ဂါလန်  (၁ သန်း  ၂ သိန်းကျော်)၊ 95Ron ဂါလန်(၂ သိန်း ၅ သောင်း ကျော်)၊ ဒီဇယ်ဆီ ဂါလန် (၇ သိန်း ကျော်)၊     ပရီမီယမ်   ဒီဇယ်ဆီ    ဂါလန် (၁ဝ သိန်းကျော်) ကိုလည်း ကောင်း  နေ့ညမရွေး  အဆက် မပြတ် ဖြည့်တင်းသယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသဖြင့်      နိုင်ငံ တစ်ဝန်းရှိ အရောင်းဆိုင်အားလုံး တွင်     စက်သုံးဆီ    လာရောက် ဝယ်ယူမှုအခြေအနေမှာ   ပုံမှန် အတိုင်းဖြစ်ပြီး အများပြည်သူများ မှ စက်သုံးဆီများကို အမျိုးအစား အလိုက်   လိုအပ်သလို  အဆင်ပြေ ချောမွေ့စွာ ဝယ်ယူ သုံးစွဲလျက်ရှိ ကြောင်း သတင်းရရှိသည်။

 
သတင်းစဉ်