
စစ်တွေ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ ဆန်အိတ် ၁၀၀ နှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို နိုဝင်ဘာ ၁၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းသား၊ သင်တန်းသူများအနေ ဖြင့် သင်တန်းကာလအတွင်း သင်တန်းဆရာမများ သင်ကြားပို့ချပေးသည့် သင်ခန်းစာများ၊ ဆရာဝန်ကြီး များ၏ လက်တွေ့သင်ကြား ပို့ချပေးမှုများကို စနစ်တကျလေ့လာမှတ်သားကြပြီး မိမိဒေသ၊ မိမိ ပြည်နယ်အတွက် အကျိုးပြုနိုင်သော သူနာပြု ကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွား သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်း ကျောင်းအတွင်း ပညာသင်ကြားနေမှုကို ရှင်းလင်း တင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်မှုအပေါ် ကျေးဇူး တင်စကား ပြောကြားကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က သင်တန်းဆင်းသူများကို ဆေးရုံ၊ ဆေးခန်းများတွင် ခန့်အပ် တာဝန်ထမ်းဆောင်နေမှုတို့ကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ပြည်နယ်အစိုးရ အဖွဲ့မှ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ ထောက်ပံ့သည့် ဆန်အိတ် ၁၀၀ နှင့် ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား သင်တန်းသူများက လက်ခံရယူကြ သည်။
တင်ထွန်း(ပြန်/ဆက်)