
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်တွင် ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့ သော စပါး၊ ဆန် ဈေးနှုန်းများအနေ ဖြင့် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၃၄၈၀၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါး ရွှေဝါထွန်း စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၃၀၀၀ နှင့် ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ကန့်ဘလူခရိုင်မှ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ အိတ် ရေ ၅၀၀၊ တန်အားဖြင့် ၂၅ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA (စစ်ကိုင်း)