
ဟနွိုင်း နိုဝင်ဘာ ၁၅
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် ယခုသီတင်းပတ် အစောပိုင်း ကတည်းက မိုးသည်းထန်စွာရွာ ခဲ့သောကြောင့် ရေကြီးရေလျှံ မှုဖြစ်ပွားပြီး လူသုံးဦးပျောက်ဆုံး လျက်ရှိကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုး သားလမ်းညွှန်ကော်မတီက နိုဝင် ဘာ ၁၅ ရက်တွင် ပြောကြား လိုက်သည်။
တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသ ဆိုင်ရာ ရေဘေးနှင့် မုန်တိုင်း အန္တရာယ် ကာကွယ်ရေးအသင်း အဖွဲ့များပါဝင်သော လူ ၄၀ ပါအဖွဲ့ သည် ကွမ်းတီပြည်နယ် ဟွမ်းဝှာ ဒေသတွင် ရေနှင့် မျောပါ ပျောက်ဆုံးခဲ့သော စုံတွဲတစ်တွဲကို ရှာဖွေလျက်ရှိကြောင်း ဗီယက်နမ် သတင်းတွင် ဖော်ပြသည်။
ဗင်လင်ဒေသရှိ လာငှာဆည် တွင် ငါးဖမ်းလျက်ရှိသော လူတစ်ဦးလည်း ပျောက်ဆုံးလျက် ရှိကြောင်းနှင့် ၎င်း၏ပစ္စည်းများကို အဆိုပါဒေသတွင် ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ ကွမ်းတီ ပြည်နယ်နှင့် ဒါနန်မြို့တို့တွင် လူနေအိမ်ခြေ ၁၃၀၀ ထက်မနည်း ရေလွှမ်းမိုးခဲ့သည်။
မိုးသည်းထန်စွာ ရွာခဲ့သော ကြောင့် တောင်ကုန်းထူထပ် သောဒေသများတွင် မြေပြိုကျ ခြင်းအန္တရာယ်ကို ကြုံတွေ့ခဲ့ ပြီး မြေနိမ့်ဒေသများရေနစ်မြုပ်ခဲ့ ကာ လမ်းပေါင်းများစွာလည်း ပျက်စီးခဲ့သည်။
ယခုနှစ် ၁၀ လတာ ကာလ အတွင်း သဘာဝဘေးအန္တရာယ် များကြောင့် လူပေါင်း ၁၃၀ သေဆုံး ခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း များဖြစ်ခဲ့ပြီး ၁၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အထွေထွေ စာရင်းရုံး၏ အချက်အလက်များ အရ သိရသည်။ ဆင်ဟွာ