စက်သုံးဆီများ လုံလောက်စွာဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိသဖြင့် အများပြည်သူများအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များမှ အဆင်ပြေလွယ်ကူစွာ ဝယ်ယူအသုံးပြုလျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၁၅
အများပြည်သူမှ စက်သုံးဆီများ အဆင်ပြေလုံလောက် စွာ  ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်များအား        စက်သုံးဆီ ပြတ်လပ်မှု မရှိစေရန် စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် သီလဝါသိုလှောင်ကန်စခန်းများမှ စက်သုံးဆီများ ကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် အများပြည်သူများ  အနေဖြင့် စက်သုံးဆီ  အရောင်းဆိုင်များမှ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူအသုံးပြုလျက်ရှိပြီး အရောင်းဆိုင် များတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှု   လျော့နည်း သွားပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်