နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများပေးအပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ   ၁၅


နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေး  တာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး          တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများ က အလှူငွေများ ပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် ဒံပေါက်ဘူး များနှင့် စားသောက်ဖွယ်ရာများ ကိုလည်း     ပေးပို့လှူဒါန်းလျက် ရှိသည်။ 


ယနေ့တွင်လည်း စေတနာရှင် အလှူရှင်  ပြည်သူများက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ     ထမ်း ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက်    ဒံပေါက်ဘူး ၂၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ လက်ဝယ်အရောက် လိုက်လံ ပို့ဆောင်ပေးကြသည်။


စေတနာရှင်      ပြည်သူများ လှူဒါန်းသည့်    ဒံပေါက်ဘူးများ နှင့်အတူ     ရဟန်းသံဃာများနှင့် ပြည်သူများက    ရေးသားပေးပို့ သည့်     “တပ်မတော်သားများ ကျန်းမာပါစေကြောင်း၊ တိုက်ပွဲ တိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ်    ကင်းရှင်းပါစေ ကြောင်း ”   စသည့်   ဆုတောင်း မေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်