
ရန်ကုန် နိုဝင်ဘာ ၁၄
အိန္ဒိယသံရုံး (ရန်ကုန်) မှ New Deputy Chief of Mission, Mr. Ashish Sharma နှင့် Mr. Ashok Kumar, New Second Secretary (Commerce) & Head of Chancery တို့သည် အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင် များအား နိုဝင်ဘာ ၁၃ ရက်က အသင်းချုပ်၌ လာရောက်တွေ့ဆုံခဲ့သည်။
အစည်းအဝေးတွင် အိန္ဒိယသံရုံးနှင့် အသင်းချုပ်အကြား နီးကပ်စွာလက်တွဲ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် ထောက်ပံ့ကူညီနိုင်ရေး၊ ရင်းနှီးဆက်ဆံမှုကို အားကောင်းစေရေး၊ မြန်မာအသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် အိန္ဒိယသံရုံးတို့ ချိတ်ဆက် ဆက်သွယ်နိုင်ရေး၊ ကုန်သွယ်မှုတွင် ရူပီး ကျပ်ငွေ ပေးချေမှုဆိုင်ရာများ၊ အိန္ဒိယကုန်စည် ပြပွဲများသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက် စေရေးနှင့် မြန်မာကုန်စည်ပြပွဲများသို့ အိန္ဒိယ လုပ်ငန်းရှင်များ စေလွှတ်နိုင်ရေး၊ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခွင့် အလမ်းများ တိုးမြှင့်စေရေးတို့ကို ဆွေးနွေး သည်။
ထို့နောက် အသင်းချုပ်နှင့် နားလည်မှု စာချွန်လွှာရေးထိုးထားသော အိန္ဒိယစီးပွားရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး၊ လက်တွေ့ ကျင့်သုံးမှုဆိုင်ရာကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ ပြီး အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်း ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ ဒေါ်သူဇာဝင်း၊ IR advisor ဦးတင့်ဆွေတို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)