SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၁၄


SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေး  အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။


ပူးပေါင်းဆောင်ရွက်


အစည်းအဝေးတွင်  လုပ်ငန်း ကော်မတီဥက္ကဋ္ဌ      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး   ဦးမောင်မောင်ဝင်းက SME   နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို   ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင်    စတင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါကြောင်း၊  စီမံကိန်းအဆင့်-၁ တွင်    ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်   အဖွဲ့ အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့်   ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင်  ၆၀၄  ဦးသို့ ချေးငွေကျပ်  ၁၃၈   ဒသမ   ၁၄၈ ဘီလီယံ    ထုတ်ချေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများ ဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှ တစ်ဆင့် ၂၀၂၃ခုနှစ် အောက်တိုဘာ လကုန်အထိ  SME  လုပ်ငန်းရှင် ၁၇၇၃ ဦးသို့ ချေးငွေကျပ် ၃၃၉ ဒသမ ၁၇၉ ဘီလီယံ ထုတ်ချေးခဲ့ ပြီးဖြစ်ပါကြောင်း။


MSME နှစ်ဆင့် ချေးငွေများကို သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန် မြှင့်တင်ရေး၊         ဒေသထွက် ကုန်ကြမ်းများကို   အခြေခံသည့် အသေးစား၊          အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း များ(MSMEs) ကို အားပေးကူညီပြီး နိုင်ငံတော်အတွက် လိုအပ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများသို့ ဆက်လက် ထုတ်ချေးနိုင်ရေး   ဆောင်ရွက်ရ မည်  ဖြစ်ပါကြောင်း၊   ထို့ကြောင့် Working Committee အဖွဲ့ဝင် များအနေဖြင့် နိုင်ငံတော်မှ ချမှတ် ထားသည့် မူဝါဒများနှင့် ညီညွတ် အကျုံးဝင်သည့် SME လုပ်ငန်းများ သို့    အတိုးနှုန်းသက်သာသည့် ချေးငွေများ         ထုတ်ချေးနိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။


ဝိုင်းဝန်းအကြံပြုဆွေးနွေး


ထို့နောက်       ယခင်အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု  အခြေအနေ၊ ဘဏ်များက          ချေးငွေများ ထုတ်ချေးရာတွင် ကြုံတွေ့ရသည့် အခြေအနေများကို     စီမံကိန်း ကြီးကြပ်ရေးအဖွဲ့က       တင်ပြပြီး လုပ်ငန်း   ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု    ဆွေးနွေးကြ သည်။


ကူညီပံ့ပိုးပေး


မြန်မာနိုင်ငံရှိ   အသေးစား၊ အငယ်စားနှင့်    အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်   စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ငွေကြေးထောက်ပံ့မှုများကို ကူညီ ပံ့ပိုးပေးနိုင်ရန်   SME   နှစ်ဆင့် ချေးငွေ   စီမံကိန်းကို  အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်