ပုသိမ်မြို့၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

 

ပုသိမ်    နိုဝင်ဘာ    ၁၄


ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ်     ကိုဗစ် - ၁၉    ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်  ၁၈ နှစ်နှင့်အထက် ပြည်သူများ၊  ဟိုတယ်ဝန်ထမ်းများ၊     စက်ရုံ အလုပ်ရုံဝန်ထမ်းများအား  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ      တင်ဝင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပဉ္စမ အကြိမ်     ကိုဗစ်-၁၉      ရောဂါ ကာကွယ်ဆေး  ထပ်ဆောင်းထိုးနှံ မှုများ      ဆောင်ရွက်ပေးလျက် ရှိသည်။


နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် တို့တွင်   ပုသိမ်မြို့   အမှတ် (၃)ရပ်ကွက်အတွင်း    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံရခြင်းမရှိသူ ၃၀၀ ကျော်ကို ထိုးနှံပေးခဲ့ရာ    ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ ဝင်များကလိုအပ်သည်များ ဝိုင်းဝန်း ကူညီ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

     
ပုသိမ်(လှကြည်)