
နေပြည်တော် နိုဝင်ဘာ ၁၅
မစ္စစ် အေယာ ဆာအဒ် မိုဟာမက် အာဘ်ဒယ်ကာရင် အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ရန် အီဂျစ်အာရပ်သမ္မတ နိုင်ငံ အစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘော တူပြီးဖြစ်သည်။
မစ္စစ် အေယာ ဆာအဒ် မိုဟာမက် အာဘ်ဒယ်ကာရင်သည် ၁၉၈၉ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုတက္ကသိုလ်မှ စီးပွားရေး နှင့်နိုင်ငံရေးသိပ္ပံဘွဲ့ကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ France Institut International d’Administration Publique မှ နိုင်ငံတကာ ဆက်ဆံရေး ဒီပလိုမာကိုလည်းကောင်း ရရှိခဲ့သည်။ ၎င်းသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၁၉၉၂ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ အီဂျစ်သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင် ခဲ့သည်။ မစ္စစ် အေယာ ဆာအဒ် မိုဟာမက် အာဘ်ဒယ်ကာရင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နည်းပညာဌာနတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ ဥပဒေဌာနတွင် သံမှူးအဖြစ်လည်း ကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတကာ ညီလာခံများဌာနတွင် ဒုတိယ လက်ထောက်အဖြစ်လည်းကောင်း အသီးသီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်ပ တာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၇ ခုနှစ် မှ ၂၀၀၁ ခုနှစ်အထိ ဟန်ဂေရီနိုင်ငံ၊ အီဂျစ် သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်း ကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကူဝိတ်နိုင်ငံရှိ အီဂျစ်သံရုံးတွင် သံမှူးအဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ် အထိ ဆားဘီးယားနိုင်ငံရှိ အီဂျစ်သံရုံး တွင် သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မောရစ်ရှပ်နိုင်ငံ ဆိုင်ရာ အီဂျစ်သံအမတ်ကြီးအဖြစ် လည်း ကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဥရောပသမဂ္ဂဆိုင်ရာ ဒုတိယလက်ထောက် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
သတင်းစဉ်