
နေပြည်တော် ဇွန် ၂၂ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် လတ်တလော ရောဂါတွေ့ရှိမှုမြင့်မားလာသော ပြည်နယ်/ တိုင်းဒေသကြီးများတွင် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း။ ဖြေကြားဆောင်ရွက်ပေးနေ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ အလုံအလောက် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိ နိုင်ကာ လိုအပ်သောဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် စုံစမ်းမေးမြန်း လိုသည်များ မေးမြန်းနိုင်စေရန် COVID-19 Call Center ကို နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး ဖြေကြားဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊ လတ်တလောတွင် ပြည်နယ်/တိုင်းဒေသကြီးများ၌ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြတ်ကျော်ခရီးသွားလာ မှုများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ သံသယလူနာများအား ဓာတ်ခွဲနမူနာများ ရယူ စစ်ဆေးခြင်းနှင့် အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ရန်တို့ကို ရောဂါဖြစ်ပွားမှုအခြေအနေ အပေါ်မူတည်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။ RT-PCR နည်းဖြင့် ကိုဗစ်-၁၉ ရောဂါအား ဓာတ်ခွဲစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့ ဆောင်ရွက်လာနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများ အပြင် ပုဂ္ဂလိက ကဏ္ဍ၊ တပ်မတော်ဆေးရုံများနှင့် လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ ရှိရင်းစွဲ ဝန်ထမ်းအင်အားများကို စုစည်းပြီး လုပ်ငန်းတာဝန် များကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။ လုပ်ငန်းတာဝန်များ ခွဲဝေချထား ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်ထိန်းချုပ်သည့် နေရာများ တွင် လူနာများ၏ ရောဂါပြင်းထန်မှုနှင့် ကုသရေး ဆိုင်ရာ လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေး ဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ခွဲဝေချထား ပေးရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ၊ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအစရှိသည့် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။ ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများတွင် အောက်ဆီဂျင် အလုံအလောက်ရရှိသုံးစွဲနိုင်ရေး ပြည်နယ်/တိုင်းဒေသကြီးများအလိုက် အခြေအနေ ပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါ ကြောင်း။ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံခဲ့သော လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးမည်ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ် ထားသော မြို့နယ်များနှင့် အခြားဒေသများအကြား ကူးလူးသွားလာနိုင်သည့် လမ်းကြောင်းများရှိဒေသ များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း များ ကို ပိုမိုတင်းကျပ်စွာ အထူးဂရုပြုဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ကျန်းမာရေးအသိ ပညာ မြှင့်တင်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဖိဖိစီးစီး ပိုမိုအားဖြည့်ဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာ တိုးမြှင့် ရယူစစ်ဆေးနိုင်မှသာ ကုသရေးကဏ္ဍ ပြည်သူ့ဆေးရုံ များတွင် တက်ရောက်ဆေးကုသရမှုနှင့် ဖြစ်ပွား သေဆုံးမှု လျှော့ချနိုင်မည်ဖြစ်ပါ၍ ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆွေးနွေးပြောကြား ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ပြည်သူများကြား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် မှန်ကန်သော သတင်းများထုတ်ပြန်နိုင်ရေး၊ ပြည်သူ့ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများအား စနစ်တကျ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ကလည်း ပြည်ထောင်စုနယ်မြေ နေပြည်တော် သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိ မြို့နယ် စီလမ်းဆုံစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်