
နေပြည်တော် နိုဝင်ဘာ ၁၁
ယနေ့မွန်းလွဲ ၁၂ ခွဲနာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် နိုဝင်ဘာ ၁၄ ရက်၌ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နိုဝင်ဘာ ၁၆ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ သည်။
မိုး/ဇလ