အမေရိကန်၌ အဝေးပြေးလမ်းမတွင် ပစ်ခတ်မှုကြောင့် လေးဦးဒဏ်ရာရ

 

ဟူစတန်  နိုဝင်ဘာ  ၁၁


အမေရိကန်တောင်ပိုင်း    အလာဘားမားပြည်နယ်   ဘာမင်ဂမ်ရှိ အဝေးပြေးလမ်းမတွင်  နိုဝင်ဘာ ၁၀ ရက် အစောပိုင်းက  သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီး လူလေးဦးဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ 


အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း


ဘာမင်ဂမ်ရဲဌာနက အမျိုးသမီးတစ်ဦးကို  ဖမ်းဆီးထိန်းသိမ်းထား ကြောင်း  ဒဏ်ရာရရှိသူ   လေးဦးကိုလည်း  သံသယရှိသူများအဖြစ် သတ်မှတ်ထားကြောင်း  ရဲဌာနက မီဒီယာများကို ပြောသည်။ 


ဒဏ်ရာရရှိသူလေးဦးအနက်  နှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း ဘာမင်ဂမ် မီးသတ်အရာရှိက ပြောသည်။ 


ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား


အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ အများအပြား ရောက်ရှိ လာပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆင်ဟွာ