
တိုကျို နိုဝင်ဘာ ၁၁
ပိုမိုပြင်းထန်သော လုံခြုံရေး ပတ်ဝန်းကျင်အခြေအနေကြောင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဟု ဂျပန်ဝန်ကြီး ချုပ် ဖူမီယို ကီရှီဒါ က ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဝန်ကြီးချုပ် ကီရှီဒါသည် နိုဝင်ဘာ ၁၁ ရက်တွင် တိုကျိုမြို့ မြောက်ဘက် ဆိုင်းတမစီရင်စုရှိ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အီရုမာလေတပ်အခြေစိုက် စခန်း တွင် ပြုလုပ်သည့်အခမ်းအနား၌ အမှုထမ်း ၈၀၀ ခန့်ကို မိန့်ခွန်း ပြောကြားသည်။
ဂျပန်နိုင်ငံသည် လက်ရှိတွင် ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံး သော လုံခြုံရေးပတ်ဝန်းကျင်ကို ရင်ဆိုင်နေရကြောင်း ကီရှီဒါက ပြောကြားသည်။ ဝန်ကြီးချုပ်က လုံခြုံရေးအတွက် လိုအပ်သော ဘတ်ဂျက်များအသုံးပြုပြီး ဂျပန် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။
အစိုးရအနေဖြင့် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်များ ပိုင်ဆိုင်ရန်အတွက် အရန်ဒုံးကျည် များကိုလည်း ဖြည့်တင်းသွားမည် ဖြစ်ကြောင်း၊ ဂျပန်၊ ဗြိတိန်နှင့် အီတလီတို့ပူးပေါင်း၍ တိုက် လေယာဉ်အသစ် တီထွင်နေပြီး သုံးနိုင်ငံနည်းပညာများကို မျှဝေ ခြင်းဖြင့် ခေတ်မီဂျက်လေယာဉ် များ တီထွင်နိုင်မည်ဟု မျှော်လင့် ကြောင်း ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။
အင်န်အိတ်ချ်ကေ