ဂါဇာ၌ မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံမှုမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ပြောကြား

 

နယူးယောက်  နိုဝင်ဘာ  ၁၁


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့အက်ဒဟာနွန် ဂီဘရီယက်ဆုစ်က ကျန်းမာ ရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေသည့် ဂါဇာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မလုံခြုံကြောင်း နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားသည်။


မေ့ဆေးမပါသည့် ခွဲစိတ်ကုသမှုများ လုပ်ဆောင် နေရသည့်    ဆေးရုံများ၌   ၁၀  မိနစ်တိုင်းတွင် ကလေးတစ်ဦး     သေဆုံးနေသည်အထိ     မြေပြင် အခြေအနေကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း၊ လူပေါင်း ၂ ဒသမ ၃ သန်း၏  ကျန်းမာရေးလိုအပ် ချက်များကို    စီမံခန့်ခွဲရန်     ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများလည်း  ရုန်းကန်နေရကြောင်း ၎င်းက ပြောကြားသည်။


အကောင်းဆုံးနည်းလမ်းမှာ     ကျန်းမာရေး ဝန်ထမ်းများအတွက်  လူ့အသက်များကို ကယ်တင် ရန်    လိုအပ်သည့်အရာများကို    ပံ့ပိုးပေးခြင်းဖြစ် ကြောင်း၊ အကူအညီ  ၆၃ တန်ခန့်ကို  ပေးပို့ထားပြီး ဖြစ်သော်လည်း    ပဋိပက္ခနှင့်   မသက်ဆိုင်သည့် အရပ်သားများထံ ရောက်ရှိရေးအတွက် လွတ်လွတ် လပ်လပ်    သွားလာခွင့်ရရှိရန်   လိုအပ်ကြောင်း တက်ဒရော့ က  ပြောကြားသည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်   အပစ်အခတ် ရပ်စဲရေးနှင့်           နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   ဥပဒေအောက်တွင် နှစ်ဖက် စလုံးမှ ၎င်းတို့၏  တာဝန်ဝတ္တရားများကို လေးစား လိုက်နာရန် အလေးအနက်တောင်းဆိုခဲ့သည်။

ဆင်ဟွာ