အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ကာကွယ်​ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက်စား​သောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်​ဆောင်ရွက်​နေမှုများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ် ကြည့်ရှ

 

ပုသိမ်   နိုဝင်ဘာ  ၁၁


ဧရာဝတီတိုင်း​ဒေသကြီး  ဝန်ကြီး ချုပ်  ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ အတွင်း​ရေး မှူး၊  ခရိုင်၊ မြို့နယ်အဆင့်  ဌာန ဆိုင်ရာများနှင့်အတူ     ယနေ့ နံနက်ပိုင်းက  ပုသိမ်မြို့  ဧရာ​ရွှေဝါ ခန်းမတွင်     အ​ရှေ့​​မြောက်တိုင်း စစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့်  ကာကွယ်​ရေး တာဝန်ကို          စွမ်းစွမ်းတမံ ထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေး တပ်ဖွဲ့ဝင်များအတွက် စား​သောက် ဖွယ်ရာများပေးပို့ရန်   ပြင်ဆင်​ဆောင်ရွက်​နေမှုများအား ကြည့်ရှု အားပေးသည်။


ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီး ချုပ်သည်    တပ်မ​တော်သားများ၊ မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်   အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနဝန်ထမ်းများက     လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်   ဧရာဝတီ တိုင်း​ဒေသကြီး     အစိုးရအဖွဲ့မှ ဦး​ဆောင်၍      တိုင်းဒေသကြီး အတွင်းရှိ    ခရိုင်၊  မြို့နယ်များမှ စု​ပေါင်း၍ ​ ငါးနီတူ​ခြောက်​ကြော်၊ ငါးပိ​ကြော်နှင့်     ငံပြာရည်​ကြော် စုစု​ပေါင်း     ၁၂၄၂     ပိသာအား ​မော်​တော်ယာဉ်​ပေါ်သို့     တင်​ဆောင်​နေမှုကို ကြည့်ရှုအား​ပေး သည်။


ဆက်လက်၍  တိုင်း​ဒေသကြီး ဝန်ကြီးချုပ်သည်      ပုသိမ်မြို့ ကျက်သ​ရေ​ဆောင်      ​ရွှေမု​ဋ္ဌော မဟာ​စေတီ​တော်မြတ်ကြီးသို့ သွား​ ရောက်     ဖူး​မြော်ကြည်ညိုခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့    ဥက္ကဋ္ဌ နှင့် ​​ဂေါပအဖွဲ့ဝင်များက   ဘုရားဖူး ဧည့်သည်များ လာ​ရောက်ဖူး​မြော် ကြည်ညို​နေမှုများ၊ ​ရွှေမု​ဋ္ဌောမဟာ​စေတီ​တော်မြတ်ကြီးနှင့်    အရံ​စေတီ​တော်များအား  ​ရွှေသင်္ကန်း ကပ်လှူပူ​ဇော်နိုင်ရန် ​ဆောင်ရွက်​​နေမှုအ​ခြေအ​နေများ၊ (၃၆)ကြိမ်​မြောက်     မသိုးသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူ ပူ​ဇော်ပွဲအတွက် ရက်ကန်းစင်​တော် ကြီးများ ပြင်ဆင်​ဆောင်ရွက်​ထား မှုများကို      လိုက်လံရှင်းလင်း တင်ပြရာ  တိုင်း​ဒေသကြီးဝန်ကြီး ချုပ်က ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ   စိတ်​အေး ချမ်းသာစွာ    ဖူး​​မြော်ကြည်ညိုနိုင်​ရေး​          ဆောင်ရွက်ကြရန်နှင့် သန့်ရှင်း​ရေးလုပ်ငန်းများ   စနစ် တကျ ​ ဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်းသိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)