ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

ဟားခါး    နိုဝင်ဘာ    ၁၁


ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂ / ၂၀၂၃) ကို  ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၀ ရက်က  ကျင်းပသည်။


 လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အကြီးအကဲ၏     လမ်းညွှန်မှုအတိုင်း ကုန်စည်အများအပြား  ထုတ်လုပ်နိုင်မှသာ  ရောင်း စရာ   ကုန်စည်ရှိလာမည်ဖြစ်ပြီး     အရောင်းအဝယ်၊ ကုန်စျေးနှုန်းဖြစ်ထွန်းလာမည်    ဖြစ်ပါကြောင်း၊    ချင်းပြည်နယ်အနေဖြင့်     စိုက်ပျိုးရေး၊     မွေးမြူရေး ကုန်ကြမ်းအမြောက်အမြားထုတ်လုပ်နိုင်ရေး၊  ဒေသ ဝမ်းစာဖူလုံရေး၊  ထိုကုန်ကြမ်းများကို   အခြေခံ၍ ကုန်ချောထုတ်လုပ်ရောင်းချနိုင်ရေး၊    အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊  လမ်းပန်းဆက်သွယ်မှု    လုံခြုံချောမွေ့စေရေး၊ လျှပ်စစ်စွမ်းအင်   တိုးမြှင့်ထုတ်လုပ်ဖွံ့ဖြိုးရေး၊     လူ့ စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး၊    လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေး၊ သမဝါယမစိတ်ဓာတ်ထွန်းကား ပြန့်ပွားရေး     ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ကုန်စျေးနှုန်းတည်ငြိမ် ရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်။


ယင်းနောက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူး   ပြည်နယ်စားသုံး သူရေးရာဦးစီးဌာန ဦးစီးမှူး ဦးလှမိုးနိုင်၊ တွဲဖက် အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့မှ ဒေါ်ချိုချို ဝင်းတို့က   ကုန်ဈေးနှုန်းပြောင်းလဲမှု    အခြေအနေ များကို     ရှင်းလင်းတင်ပြကြပြီး       တက်ရောက်လာ သည့်  ကော်မတီအဖွဲ့ဝင် များက   မိမိတို့ကဏ္ဍအလိုက်   ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များပေါ် တက်ရောက်လာ သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊   ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံ ပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။          

ခရိုင် (ပြန်/ဆက်)