
တောင်ကြီး နိုဝင်ဘာ ၁၁
(၂၂)ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ဆက်ကပ် ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော် သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်တို့ က “နမောတဿ သုံးကြိမ်” ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂ မဟာပဏ္ဍိတ မဟာကမ္မဌာန စရိယ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။
ဆက်လက်၍ မြို့လယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က (၂၂) ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော် စာမေးပွဲကျင်းပ အောင်မြင်မှု အခြေအနေများကို ဆရာတော်များအား ဖတ်ကြား လျှောက်ထားပြီး ကမ္ဘောဇ သာမ ဏေကျော်ဘွဲ့ရ “သာမဏေကျော်” များအား ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ် တော်ဘွဲ့အလံတော်များကို ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က ဆက်ကပ်လှူဒါန်း ပေးကြပြီး စာမေးပွဲအဆင့်အလိုက် အောင်လက်မှတ်၊ စာအောင်ဆု များကို မြို့လယ်ဓမ္မာရုံဂေါပက၊ တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းပေးကြသည်။
ထို့နောက် တောင်ကြီးမြို့ အမှတ် (၅၆) ကမ္ဘောဇလမ်း သစ်တောရပ်ကွက်၊ အကွက် အမှတ် (၃၀) ဦးပိုင်အမှတ် ၁၃/က နေ ဦးဧမှ မိမိပိုင်ဆိုင်သော ဧရိယာ ၀ ဒသမ ၁၂၁ ဧကရှိ မြေနှင့် အဆောက်အအုံကို တောင်ကြီး မြို့လယ်ဓမ္မာရုံမှ ပြုလုပ်သော ကမ္ဘောဇသာမဏေကျော် စာမေး ပွဲကျင်းပရေးအဖွဲ့သို့ လှူဒါန်းပေး ပြီး ရှမ်းပြည်နယ် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ တေဇ ဝန္တ အရှင်သူမြတ်ထံမှ အနုမော ဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဧည့်ပရိသတ်တို့က ဆရာ တော် သံဃာတော်ကြီးများအား စာအောင်သာမဏေကျော်တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လောင်းလှူပေးကြကြောင်းနှင့် (၂၂) ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော် စာပြန်ပွဲတွင် ပထမအဆင့် ၂၄၂ ပါး ဖြေဆိုပြီး အပါး ၂၂၀ အောင်မြင်၊ ဒုတိယအဆင့် ၁၇၈ ပါးဖြေ ၉၆ ပါးအောင်၊ တတိယအဆင့် ၁၀၁ ပါးဖြေ ၂၇ ပါး အောင် စုစုပေါင်း ၃၄၃ ပါး အောင်မြင်ပြီး သာမဏေကျော် ၂၇ ပါးအောင်မြင်ကြောင်းနှင့် စာရင်း ရှိ ဖြေဆိုစုစုပေါင်း ၇၀၃ ပါး ရှိကြောင်း သိရသည်။
မောင်မောင်သန်း (ပြန်/ဆက်)