
နေပြည်တော် နိုဝင်ဘာ ၁၁
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှစပြီး၊ မွန်၊ ရခိုင်၊ ရှမ်း၊ “ဝ” ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း (ချိုး) ဘာသာအစီအစဉ်များကို ည (၂၃:၀၀)နာရီ အထိ ထုတ်လွှင့်လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန်ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစပြီး မတ် ၃၁ ရက်အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှ (၈:၀၀) နာရီအထိ ရခိုင် ဘာသာအစီအစဉ်၊ နံနက်(၈:၀၀)နာရီ မှ (၁၀:၀၀)နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀)နာရီ မှ နံနက်(၁၂:၀၀)နာရီအထိ “ ဝ ”ဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီ မှ မွန်းလွဲ (၁၄:၀၀)နာရီ အထိ ကချင်ဘာသာအစီအစဉ်၊ မွန်းလွဲ (၁၄:၀၀)နာရီ မှ ညနေ(၁၆:၀၀) နာရီအထိ ကယားဘာသာအစီအစဉ်၊ ၊ ညနေ(၁၆:၀၀)နာရီ မှ ညနေ(၁၇:၀၀)နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ညနေ(၁၇:၀၀)နာရီ မှ (၁၈:၀၀)နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ ညနေ(၁၈:၀၀)နာရီမှ ည(၁၉:၀၀) နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည(၁၉:၀၀) နာရီ မှ (၂၀:၀၀)နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ၊ ည(၂၀:၀၀)နာရီ မှ (၂၁:၀၀) နာရီအထိ ချင်း(ချိုး) ဘာသာ အစီအစဉ်၊ ည(၂၁:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ မွန်ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်