နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုနှင့် စက်ရုံအလုပ်ရုံများ လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်   နိုဝင်ဘာ  ၁၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊      ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်   အမှတ်(၁၈)   အခြေခံပညာ အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်းများ၊   ဌာနဆိုင်ရာ များမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊      စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဆရာ  ဆရာမများက  ပတ်ဝန်းကျင်သန့်ရှင်း သာယာရေး၊ သစ်ပင်များ အလင်းဖွင့်ခြင်း ၊ ချုံနွယ် များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးသည်။   


ယင်းနောက် အဆိုပါ ကျောင်းဘောလုံးအားကစား ကွင်းအတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်း ပေါင်းစုံ     ကျောင်းသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အဆင့်ရွေးချယ်ထား သည့်   ကျောင်းသား  ကျောင်းသူများ  အားကစား လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ    ချင်းတွင်းတံခွန်အထည်ချုပ် စက်ရုံ(နေပြည်တော်)သို့ သွားရောက်၍ အထည်ချုပ် လုပ်ငန်းများဆောင်ရွက်နေမှုကို       ကြည့်ရှုအားပေး ပြီး(အပေါ်ပုံ) တာဝန်ရှိသူများက    ထုတ်လုပ်နေမှုနှင့်    ဖြန့်ဖြူးရောင်းချနေမှုများကို       ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက   ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှထွက်ရှိသည့် ဝါချည် မျှင်ကုန်ကြမ်းများကို အသုံးပြုပြီး ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ ကျွမ်းကျင်လုပ်သားများ   တိုးပွားရေးနှင့်   အလုပ် အကိုင်အခွင့်အလမ်းများရရှိရေးကို ဆောင်ရွက်စေလို ကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ သည်    မုံရွာဆရာမိုးကုမ္ပဏီ   တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံတွင်       တိုင်းရင်းဆေးများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊  မြန်မာရွှေသစ်သီး ဝလံ ကုမ္ပဏီလီမိတက်မှ  သစ်သီးခြောက်နှင့်  ယိုစုံ လုပ်ငန်းများ     ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။ 


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ်အတွင်း      နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့်  ဘူးကွဲ ချောင်း (ရာဇသင်္ဂဟလမ်းမကြီးနှင့် ဧရာဝတီလမ်း ထောင့်)တွင်   သန့်ရှင်းသာယာလှပရေးအတွက် မြေထိန်းကျောက်စီ ရေမြောင်းနှင့် ရေဆင်းမြောင်း များ ဆောင်ရွက်ထားရှိမှု၊ အလှမြက်ခင်းများ၊ ဘဲစား မြက်စိုက်ပျိုးခြင်းလုပ်ငန်းများ၊  မြေယာရှုခင်းဧရိယာ အတွင်း   ထည့်သွင်းတည်ဆောက်လျက်ရှိသော အုတ်ရေမြောင်း ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်