
ယခုတစ်ပတ် ပရီမီယာလိဂ်ပွဲစဉ် (၁၂) မှာ အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးက နောက်ဆုံးနှစ်ပွဲဆက် ဂိုးပြတ်နိုင်ပွဲ ရရှိထားတဲ့ ချယ်ဆီး၊ ခြေစွမ်းကျဆင်းနေတဲ့ မန်ယူက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ လူတန်၊ နာမည်ကြီး အာဆင်နယ် က ဘန်လေစတဲ့ အသင်းတွေ ဆုံတွေ့နေတာကြောင့် စိတ်ဝင် စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် (ယနေ့) ည ၇ နာရီမှာ ဝုဖ်နဲ့ စပါးအသင်းပွဲစဉ် ကို စတင်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ စပါးအသင်းက အမှတ်ပေးဇယား ဦးဆောင်ခွင့် ရဖို့အတွက် ဝုဖ်အသင်းကို နိုင်ပွဲရ ရေး ခြေကုန်ထုတ်လာမှာပါ။ ဒါကြောင့် ဝုဖ်အသင်းအနေနဲ့ အမြင့်ဆုံး သရေသာရဖွယ်ရှိ တယ်။
ည ၉ နာရီခွဲမှာ ခြေစွမ်း တည်ငြိမ်မှုမရှိတဲ့ မန်ယူနဲ့ ရလဒ် ဆိုးရွားနေတဲ့ လူတန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါ တယ်။ မန်ယူ-လူတန်အသင်းနဲ့ အတူ အာဆင်နယ်နဲ့ ဘန်လေ၊ ပဲလေ့စ်နဲ့ အဲဗာတန်အသင်း ပွဲစဉ် တွေကိုလည်း တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားမှာပါ။
နိုဝင်ဘာ ၁၂ ရက် နံနက် အစောပိုင်းမှာ ဘုန်းမောက်နဲ့ နယူးကာဆယ် အသင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာပါ။ မန်ယူ၊ အာဆင်နယ် စတဲ့အသင်းကြီး တွေကို နိုင်ပွဲရယူထားတဲ့ နယူးကာဆယ် အသင်းအနေနဲ့ ခံစစ်ဆိုးရွားတဲ့ ဘုန်းမောက်ကို အသာရဖွယ်ရှိတယ်။
နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီခွဲ မှာ ပုံစံကောင်းရရှိနေတဲ့ လီဗာပူး က ခြေစွမ်းအကောင်းဘက် ဦးတည်နေတဲ့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အန်းဖီးလ်မှာ ဧည့်ခံ ယှဉ်ပြိုင် ကစားသွားမှာပါ။ နှစ်သင်းစလုံး ခြေစွမ်းတည်ငြိမ်မှု ရှိတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန် လာမှာ သေချာတယ်။ အပြန် အလှန် သွင်းဂိုးတွေ မြင်တွေ့ရပြီး လီဗာပူး အသာရဖွယ်ရှိတယ်။ လီဗာပူး-ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ည ၈ နာရီခွဲမှာ အက်စ်တွန်ဗီလာနဲ့ ဖူလ်ဟမ်၊ ဘရိုက်တန်နဲ့ ရှက်ဖီးလ်၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ် အသင်းပွဲစဉ်တွေကို တစ်ချိန် တည်း ယှဉ်ပြိုင်ကစားသွားမှာပါ။
ည ၁၁ နာရီမှာတော့ နာမည်ကြီး အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့ ချယ်ဆီးနဲ့ မန်းစီးတီး အသင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစား သွားမှာ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ ခြေစွမ်းက ထက်မြက်မှု ရှိတယ်ဆိုပေမယ့် မန်စီးတီးကို အသာရဖို့ မလွယ်ဘူး။ ဒါပေမယ့် မန်စီးတီးအသင်း ခြေစွမ်း ကျဆင်း ခဲ့ရင် စတန်းဖို့ဒ်ဘရစ်မှာ ချယ်ဆီး အသင်း အောင်ပွဲခံသွားနိုင် တယ်။
အောင်ဇော်