ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou နှင့်တွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၉


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်     ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ တတိယ ရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်     မဟာမင်းကြီး  Mr. Raouf   Mazou    ဦးဆောင် သောအဖွဲ့ကို     ယနေ့      နံနက်    ၉   နာရီတွင်    အဆိုပါ    ဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ်    Mr.   Raouf Mazou ၏   မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မောင်တော မြို့၊ စစ်တွေမြို့နှင့်  ရှမ်းပြည်နယ် တောင်ကြီးမြို့များသို့ သွားရောက် လေ့လာခဲ့မှု၊      ဝန်ကြီးဌာနနှင့် UNHCR တို့အကြား   နားလည်မှု စာချွန်လွှာ   (MoU)    လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်း များအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စ များ၊ လူသားချင်းစာနာမှုအကူအညီ ပေးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြား ရေးမှူး Mr. Indrika Ratwattee ၊ UNHCR ၏    မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi    နှင့်    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။


သတင်းစဉ်