“Opportunities and Challenges for Russia’s Turn East Policy in Southeast Asia” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေး

 

ရန်ကုန်   နိုဝင်ဘာ    ၉


မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့က ကြီးမှူး၍   ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ရုရှား သိပ္ပံအကယ်ဒမီ၊ တရုတ်နှင့် ခေတ်ပြိုင်အာရှရေးရာအင်စတီကျုနှင့် ပူးပေါင်းလျက်   “Opportunities and Challenges for Russia’s Turn East Policy in Southeast Asia” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင်   ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ၏ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ဝါရင့်သုတေသီ များနှင့် သုတေသီလက်ထောက်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊    ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်နှင့်  တရုတ်နှင့် ခေတ်ပြိုင်အာရှ ရေးရာအင်စတီကျုမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တို့မှ  ကျောင်းသား ကျောင်းသူများ တက်ရောက်၍ အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ ၏ အုပ်ချုပ်မှုပုံစံများ၊ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများနှင့်    အရှေ့တောင်အာရှဒေသများနှင့် ရုရှားနိုင်ငံတို့၏ စီးပွားရေးဆိုင်ရာပေါင်းစပ်မှုနည်းလမ်းများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေး အပေါ် ပညာရပ်ဆိုင်ရာအမြင်များကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။                                        

သတင်းစဉ်