ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူကျန်းမြို့တွင် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံသတင်းအချက်အလက် ဗဟိုချက်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

 

ဝူကျန်း    နိုဝင်ဘာ    ၉


တရုတ်ပြည်သူ့သမ္မတနိုင်ငံ    ဝူကျန်းမြို့ တွင် ကျင်းပလျက်ရှိသည့်    ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ    (ဝူကျန်း ထိပ်သီးအစည်းအဝေး)သို့ တက်ရောက် လျက်ရှိသော   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်နှင့် အတူ နိုဝင်ဘာ ၈ ရက်    ညနေပိုင်းတွင် ကျင်းပသည့်    ဒုတိယအကြိမ်မြောက် တရုတ်- အာဆီယံ သတင်းအချက်အလက် ဗဟိုချက်ဆိုင်ရာဆွေးနွေးပွဲ (The 2nd Dialogue on China- ASEAN Infor-mation Harbor)    သို့    တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။


အကြံကောင်းဉာဏ်ကောင်းများရရှိ


ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ပြောကြားရာတွင်    ဝူကျန်းမြို့ သည် တရုတ်နိုင်ငံ၏ အထင်ကရ စာရေး ဆရာကြီး၊ သတင်းစာဆရာကြီး၊ ပြဇာတ် ရေးဆရာကြီး မောင်တွမ့်၏ ဇာတိချက် ကြွေ မွေးရပ်မြေဖြစ်သည့်အတွက်    ယခု ကျင်းပသည့်   သတင်းအချက်အလက် ဆိုင်ရာ   ဆွေးနွေးပွဲနှင့်    အင်မတန် လိုက်ဖက်ညီလှသည်ဟု     ခံစားမိပါ ကြောင်း၊ ဆွေးနွေးပွဲကို   “ဒစ်ဂျစ်တယ် ဂေဟဗေဒအသစ်    တည်ဆောက်ခြင်း၊ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု အသစ် တစ်ခုဖန်တီးခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့်အတွက်   ခေတ်သစ်ဒစ်ဂျစ် တယ်ဂေဟဗေဒတစ်ခု       တည်ဆောက် နိုင်ရန်   စိတ်ကူးသစ်များ၊     သုံးသပ်ချက် များ၊   ပူးပေါင်းဆောင်ရွက်မှုအသစ်များ၊ ချဉ်းကပ်မှုအသစ်များနှင့်   အကြံကောင်း ဉာဏ်ကောင်းများ     ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒစ်ဂျစ်တယ်ဂေဟ ဗေဒသစ်ဆိုသည်မှာ ဒစ်ဂျစ်တယ် နည်း ပညာများ၊ ပလက်ဖောင်းများနှင့် အပြန် အလှန်အကျိုးပြုမှုများကြားတွင် လိုက် လျောညီထွေဖွဲ့စည်းထားသည့်    ဂေဟ စနစ်တစ်ခုပင်  ဖြစ်ကြောင်း၊ ယနေ့အချိန် တွင် များပြားလှသည့် ဒစ်ဂျစ်တယ်အစိတ် အပိုင်းများ၊ နည်းပညာများနှင့်   ဒစ်ဂျစ် တယ်ပစ္စည်းများသည် မိမိတို့၏ဘဝများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက် အဝန်းကြီးတစ်ခုလုံးကို    မည်သို့မည်ပုံ အကျိုးသက်ရောက်နေသည်၊ မည်မျှအထိ အကျိုးသက်ရောက်နေသည်ကို မျက်ဝါး ထင်ထင်    မြင်တွေ့ကြရပြီဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ဂေဟဗေဒသစ်တွင် ကျယ်ပြန့် ပြီး   မတူကွဲပြားသည့်     ဒစ်ဂျစ်တယ် နည်းပညာများပါဝင်နေပြီး ဥပမာအားဖြင့် ဉာဏ်ရည်တုနည်းပညာများ၊ The Inter-net of things (IOT)များ၊ ဘလောက်ချိန်း (Block chain) များ၊ ဘစ်ဒေတာ (Big Data) များ၊ Cloud   Computing   များ ပါဝင်ကြကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အပြန်အလှန် အကျိုးပြုနေကြခြင်းဖြစ် ကြောင်း၊ ယခုဆွေးနွေးပွဲမှာ ပင်လယ်ပြာ ပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခုဖန်တီး ခြင်း (Create a New Blue Ocean of Cooperation) ဆိုသည်ကို   ဦးတည် ဆွေးနွေးမည်ဟု   ယုံကြည်ပါကြောင်း၊ ပင်လယ်ပြာ   ပူးပေါင်းဆောင်ရွက်မှု၏ ဆုံရပ်(သို့မဟုတ်) စုစည်းရာပလက်ဖောင်း တစ်ခုအနေဖြင့် China-ASEAN Infor-mation Harbor ဆိုသည့်ကွန်ရက်တစ်ခု ကို   အကျိုးရှိစွာ    အသုံးပြုကြရမည်ဟု ယုံကြည်ပါကြောင်း၊  ထို့ပြင်   သတင်း အချက်အလက်ဆိုင်ရာ    ဗဟိုချက်သည် တရုတ်-အာဆီယံ အသိုက်အဝန်းတစ်ခုကို ပိုမိုနီးကပ်စွာ     တည်ဆောက်ရာတွင် လွန်စွာအရေးကြီးသည့်အတွက် မိမိတို့ မြန်မာနိုင်ငံက      တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊   ဒစ်ဂျစ်တယ် ချိတ်ဆက်မှုမှတစ်ဆင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ    ပူးပေါင်းဆောင်ရွက် ရေး၊ e-Government တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်အသုံးပြု    ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ကျယ်ပြန့်စွာဖြစ်ထွန်း ရေး၊ နယ်စပ်ဖြတ်ကျော်သတင်းအချက် အလက်စီးဆင်းရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊     ပြည်သူအချင်းချင်း ချိတ်ဆက်မှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ်   အထောက် အကူပြုရေး   စသည့်နယ်ပယ်အသီးသီး တွင် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ကြမည်ဖြစ်ကြောင်း၊    ယခု ဆွေးနွေးပွဲမှတစ်ဆင့် တရုတ်-အာဆီယံ နိုင်ငံများအကြား    ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ ဖလှယ်မှုများ မြှင့်တင်နိုင်ပါစေ၊ ပြည်သူ အချင်းချင်းကူးလူးဆက်ဆံမှုနှင့် ချစ်ကြည် ရင်းနှီးမှုများ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု များကို    ဆောင်ကြဉ်းပေးနိုင်ပါစေဟု ဆုမွန်ကောင်း    တောင်းအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက်   အခမ်းအနားသို့    တက် ရောက်လာကြသည့်       တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်    အာဆီယံနိုင်ငံများမှ သတင်းအချက်အလက်နှင့်    နည်းပညာ ဆိုင်ရာ   ဒုတိယဝန်ကြီးများ၊    ပညာရှင် များက ဒစ်ဂျစ်တယ်နည်းပညာများ မျှဝေ ရေးနှင့် အနာဂတ်တွင် ဒစ်ဂျစ်တယ်နည်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ များကို ပါဝင်ဆွေးနွေးကြရာ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးလူမွန်က သတင်းတု သတင်းမှား များ တိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကိစ္စများကို  ပါဝင်ဆွေးနွေးပြော ကြားသည်။


ပလက်ဖောင်းငါးခုတည်ဆောက်


တရုတ်-အာဆီယံ   သတင်းအချက် အလက်ဗဟိုချက်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကို ချိတ်ဆက်ပေးသည့် ဒစ်ဂျစ်တယ်   ပိုးလမ်းမစီမံကိန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ တရုတ်-အာဆီယံ သတင်းအချက် အလက်ဗဟိုချက်သည်    အင်တာနက် ချိတ်ဆက်မှုနှင့်   သတင်းအချက်အလက် ဖလှယ်မှုများမှတစ်ဆင့်       တရုတ် - အာဆီယံနိုင်ငံများအကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ကို မြှင့်တင်ပေးရန်ဖြစ်သည်။ အထူးသဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ သတင်းအချက်အလက်မျှဝေမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊    စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ဆောင်မှု၊   ယဉ်ကျေးမှု ဖလှယ်မှုများ ပါဝင်သည့် ပလက်ဖောင်း ငါးခုကို   တည်ဆောက်ပြီး    “One Base, One Center, One  Pillar  and  Two Clusters”   ၏      ဖွံ့ဖြိုးတိုးတက်မှုပုံစံ  ဖြင့်   ဆောင်ရွက်လျက်ရှိကြောင်း   သိရ သည်။   


အဆင့်မြင့်နည်းပညာများပြသ


ပြည်ထောင်စုဝန်ကြီးသည်   ယနေ့ ညနေပိုင်းတွင်  ဝူကျန်းမြို့ WIC    Con-vention Center  အနီးတွင်   ခင်းကျင်း ပြသသည့် The Light of Internet Expo ပြပွဲသို့ သွားရောက်ကြည့်ရှုရာ  တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းပြပွဲသည် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့် အဆင့်မြင့်နည်းပညာများကို အဓိက ပြသထားသည့်ပြပွဲဖြစ်ပြီး   ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍအတွက်    နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်    ဖလှယ်မှုများ ရရှိလာစေရန် အရေးကြီးသည့် ပလက် ဖောင်းတစ်ခုအဖြစ်   ဖန်တီးရန်   ရည်ရွယ် ထားကြောင်း သိရသည်။    

သတင်းစဉ်