
နေပြည်တော် နိုဝင်ဘာ ၉
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုး အစား လျှပ်စစ်သုံးယာဉ်များ၊ MG, Marvel R အမျိုးအစား လျှပ်စစ်သုံး ယာဉ်များ၊ MG MGZS EV အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA V အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်