
ဘုတ်ပြင်း နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ ယမန်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘုံသာရပ်ကွက် ဘောလုံး ကွင်းအတွင်းရှိ ပွဲကြည့်စင်အမိုးတစ်ခုလုံး ပြိုကျခဲ့သည်။
အဆိုပါအမိုးပြိုကျမှုကို ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၏ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဘောလုံးကွင်းပွဲကြည့်စင် (၆၀x၃၀)ပေ အမိုးပြိုကျခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်ခြောက်တိုင် ထိခိုက်ပျက်စီး ခဲ့ပြီး အခြားလူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးသေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)