သီတင်းကျွတ်ကာလ ငပလီကမ်းခြေသို့ ပြည်တွင်း ပြည်ပခရီးသွား ၅၀၀၀ နီးပါးဝင်ရောက် ယမန်နှစ်ကထက် ၆၄ ရာခိုင်နှုန်းကျော် တိုးတက်

 

ရန်ကုန်     နိုဝင်ဘာ   ၈


ယခုနှစ်   သီတင်းကျွတ်ပွဲတော် ကာလ ရုံးပိတ်ရက်   သုံးရက်တာ အတွင်း ငပလီကမ်းခြေ အပန်းဖြေ စခန်းတွင်   ခရီးသွားများဖြင့် စည်ကားခဲ့ရာ  ယမန်နှစ်ကထက် ပြည်တွင်း  ပြည်ပ ခရီးသွား ၆၄ ဒသမ ၉၄ ရာခိုင်နှုန်း     တိုးမြှင့် ဝင်ရောက်ခဲ့ကြောင်း     ရခိုင် ပြည်နယ် ဟိုတယ်နှင့်    ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


သီတင်းကျွတ်လပြည့်အကြို၊ လပြည့်နေ့နှင့်    လပြည့်ကျော် တစ်ရက်နေ့  သုံးရက်တာအတွင်း ငပလီကမ်းခြေသို့    ပြည်တွင်း၊ ပြည်ပခရီးသွား ၄၉၂၇     ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်က ၂၉၂၇ ဦး ပိုမိုဝင်ရောက်ခဲ့သဖြင့် ယမန် နှစ်ကထက် တိုးတက်လာကြောင်း သိရသည်။ 


ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ လမှ မေလလယ်အထိ   ခရီးသွား များ    လာရောက်လည်ပတ်လေ့ ရှိပြီး ၂၀၂၁ ခုနှစ်၌     ၅၈၉၆၉ ဦး၊ ၂၀၂၂ ခုနှစ်တွင်     ၂၇၂၃၈၁ ဦး ဝင်ရောက်ခဲ့ရာ    ၃၆၂ ဒသမ ၉ ရာခိုင်နှုန်း      ခရီးသွားတိုးတက်ခဲ့ သည်။ အလားတူ ယခုနှစ်ခရီးသွား ရာသီ၌ ယမန်နှစ်ကထက်   ခရီး သွား     ပိုမိုဝင်ရောက်နိုင်ဖွယ် ရှိသည်။

 
“အပန်းဖြေကမ်းခြေနဲ့  ခရီး သွားဒေသတွေကို      ခရီးသွား ဝင်‌ရောက်လာမှုဟာ  ဒေသခံတွေ အလုပ်အကိုင်      အဆင်ပြေပြီး စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဝင်ငွေရကြပါတယ်။   နိုင်ငံတော် အတွက်လည်း အခွန်ငွေတိုးလာ စေတယ်လို့ ဆိုရမှာပါ။ သီတင်း ကျွတ်ကာလမှာ   ရုရှားခရီးသွား တွေ     အဖွဲ့လိုက်လာရောက် လည်ပတ်တာ    တွေ့ရတယ်။ ဒီနှစ်မှာ   ပြည်ပခရီးသွားတိုးလာ တယ်လို့ပြောရမှာပါ”ဟု    ရခိုင် ပြည်နယ်  ဟိုတယ်နှင့်   ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး    ဦးတင်ထွန်းအောင်က ပြောသည်။ 


သီတင်းကျွတ်ပွဲတော်ကာလ ၌  ရုရှားနိုင်ငံမှ    ခရီးသွား ၄၀ ကျော်နှင့်     ပြည်ပခရီးသွားများ ဝင်‌ရောက်ခဲ့ပြီး   တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ    ခရီးသွားများ ကိုလည်း     ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ပေးထားသည့် အတွက် ၂၀၂၃ ခုနှစ် ခရီးသွားရာသီသည် ပွဲတော်ကာလများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့်  စည်ကား များပြားနိုင်ကြောင်း   ဟိုတယ် လုပ်ငန်းနှင့်  ပို့ဆောင်ရေးလုပ်ငန်း ရှင်များက ခန့်မှန်းထားကြသည်။ 


ငပလီကမ်းခြေကို    နိုင်ငံခြား ခရီးသွားများ   နှစ်ခြိုက်ခြင်းသည် ကမ်းခြေ       သာယာလှပခြင်း၊ ရေကြည်လင်    သန့်ရှင်းခြင်း၊ သဲပြင်      အဖြူရောင်ရှိခြင်း၊ ရာသီဥတုအေးနေချိန်၌ ရေပြင် မှာနွေးနေခြင်းနှင့်    ပင်လယ်စာကောင်းမွန်ခြင်းတို့ကြောင့်    ဖြစ် သည်။ ပြည်တွင်း ပြည်ပ      ခရီး သွားများ တည်းခိုအနားယူနိုင်ရန် ငပလီကမ်းခြေတွင်     ဟိုတယ်နှင့် တည်းခိုခန်း ၅၁ လုံး၊ ကျောက်ဖြူ တွင် ၁၁  လုံး၊  စစ်တွေ၌ ၁၇လုံး၊ မြောက်ဦးတွင်     သုံးလုံးနှင့် မာန်အောင်ကျွန်းတွင်      တစ်လုံး ဖွင့်လှစ်ထားကာ     ပြည်တွင်း ပြည်ပခရီးသွားများ  စိတ်အေးချမ်း စွာ အနားယူ   လည်ပတ်နိုင်ရန် ကြိုတင်     ပြင်ဆင်ထားကြောင်း သိရသည်။


ကိုဗစ်လွန်        ကာလ၌ နိုင်ငံတော်မှ    ခရီးသွားကဏ္ဍကို ပြန်လည်      ဖော်ဆောင်ခဲ့ရာ ရခိုင်ပြည်နယ်     အစိုးရအဖွဲ့မှ ခရီးသွားမြှင့်တင်ရေး    ကဏ္ဍ တစ်ရပ်အနေဖြင့် ငပလီကမ်းခြေ၌ ပထမဆုံးသော ဆောင်းဦးအထိမ်း အမှတ်ပွဲတော်ဖြင့်      ခရီးသွား လုပ်ငန်းကို စတင်ဆွဲဆောင်ခဲ့ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်    အသက်ဝင်ခဲ့သည်။ ယခုနှစ်ခရီးသွားရာသီ၌    ရခိုင် ပြည်နယ်ရှိ     မြို့နယ်ငါးခုတွင် ထူးခြားသော ဆောင်းဦးပွဲတော် အစီအစဉ်များက ခရီးသွားများကို အသင့်စောင့်ကြိုလျက်ရှိသည်။ 


ညိမ်းသူ(သတင်းစဉ်) 
ဓာတ်ပုံ - ကနူး