
ရန်ကုန် နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှုနှင့် ကျောက် တန်းမြို့နယ် သီလဝါပြည်တွင်း စက်မှုဇုန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် သန်လျင်မြို့နယ် မူလသန်လျင် တံတား သန်လျင်ဘက်ခြမ်း ချဉ်းကပ်လမ်းကို ကြည့်ရှု စစ်ဆေး၍ လမ်းဘေး ဝဲ၊ ယာ သန့်ရှင်းသာယာရေးနှင့် သွားလာ မှု လွယ်ကူမြန်ဆန် အဆင်ပြေစေ ရေးအတွက် ချဉ်းကပ်လမ်းကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားသည်။ ထိုမှတစ်ဆင့် သန်လျင်မြို့နယ် သန်လျင် - သီလဝါ ဆိပ်ကမ်းလမ်းကို တိုင်းဒေသ ကြီး ဘတ်ဂျက်ခွင့်ပြုငွေဖြင့် အရှည် ၅ ဖာလုံ ကတ္တရာ ထပ်ပိုး လွှာ ခင်းကျင်းနေမှုကို ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော်က လုပ်ငန်း များ ဆောင်ရွက်နေမှုနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လမ်းအရည် အသွေး စံချိန်စံညွှန်းမီ ကောင်းမွန် ရေး၊ လုပ်ငန်းသတ်မှတ်ကာလ အတွင်း ပြီးစီးရေး လိုအပ်သည် များ မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သန်လျင် - သီလဝါ ဆိပ်ကမ်းလမ်းကို မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လမ်းဘေး ဝဲ၊ ယာ သန့်ရှင်းသာယာ ရေးအတွက် အမြင်မတင့်တယ် သည့် သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက် ထားရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူ များအား မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကျောက်တန်းမြို့နယ် သီလဝါ ပြည်တွင်းစက်မှုဇုန်သို့ သွားရောက် ပြီး ကနောင်မင်းသားကြီးလမ်းရှိ Prosperity Kintwear Ltd (သိုးမွေးထည်စက်ရုံ) သို့ရောက်ရှိ ပြီး စက်ရုံအတွင်း သိုးမွေးထည် အဆင့်ဆင့် ချုပ်လုပ်ထုပ်ပိုးနေမှု ကို ကြည့်ရှုစစ်ဆေးရာ စက်ရုံ တာဝန်ရှိသူက သိုးမွေးထည် ထုတ်လုပ်နေမှုအား အသေးစိတ် လိုက်လံရှင်းလင်းတင်ပြသည်။ အဆိုပါ သိုးမွှေးထည်စက်ရုံတွင် ဝန်ထမ်း ၄၈၇ ဦးဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိပြီး တစ်လလျှင် ပျမ်းမျှနှုန်းဖြင့် ကျားဝတ်၊ မဝတ် သိုးမွေးထည် တစ်သိန်းကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကျောက်တန်းမြို့နယ် သီလဝါ ပြည်တွင်းစက်မှုဇုန် မြတောင် ဝန်ကြီးဦးမှို လမ်းရှိ ပိုင်ရှင် ဦးလှမြင့်ရွှေ ၏ Oki ဆပ်ပြာမှုန့် စက်ရုံသို့ရောက်ရှိပြီး ဆပ်ပြာမှုန့် ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ရှိသူက ဆပ်ပြာမှုန့် ထုတ်လုပ်နေမှုအဆင့် ဆင့်ကို လိုက်လံရှင်းလင်းတင်ပြ သည်။(အပေါ်ပုံ) အဆိုပါ Oki ဆပ်ပြာမှုန့်စက်ရုံတွင် ဝန်ထမ်း ၇၀ ဖြင့် တစ်လလျှင် ပျမ်းမျှ ဆပ်ပြာမှုန့် တန်ချိန် ၁၅၀ မှ ၂၀၀ ကြား ထုတ်လုပ်နိုင်ကြောင်း သိရ သည်။
ဝေယံ (ပြန်/ ဆက်)